Chapter-3

410 86 9
                                    

[Unicode]

ကျောင်းပထမဆုံးရက်က​ပျော်ဖို့​ကောင်းမယ်လို့ ထင်​နေရင်မှားသွားလိမ့်မယ်..စကားနားမ​ထောင်တဲ့​အထက်တန်း​ကျောင်းသား​တွေက ဘယ်သူရဲ့အထိန်းအချုပ်မှမခံသလို ဘယ်သူကမှလဲ သူတို့ကိုသွားမထိရဲဘူး..မင်းသာ သူတို့ကိုခံ​ပြောမိမယ် သူတို့မျက်စိစူး​အောင်​နေမိမယ်ဆို သူတို့ရဲ့သား​ကောင်ဖြစ်သွားရုံတင်မက ​ပျော်ရွင်စရာကျောင်းသားဘဝပါ မြောင်းထဲကိုစုန်​မြောသွားရလိမ့်မယ်..

"ကစားပွဲ​လေးပို​​ပျော်စရာ​ကောင်း​အောင်..နိုင်တဲ့သူက ဒီ​ကောင့်ကိုရ​ကြေး! ဘယ်လိုလဲ"

"​ကောင်းတယ်!" "မဆိုးဘူး!" "လုပ်လိုက်​တော့!"

​​ယောန်ဂျွန်းရဲ့စကားကိုထောက်ခံမှုအပြည့်​ပေး​နေကြတဲ့ လူမိုက်​ကျောင်းသား​တွေကြားမှာ ​ဘောမ်ဂယူ​သွေးတက်ချင်လာတယ်..သူကိုယ်ကလျှာရှည်မိတာ..စစတည်းက ကိုယ့်ဘာကိုယ်မြင်မိတာကို မြင်တယ်လို့ပဲမှတ်ပြီး ငြိမ်ငြိမ်​ နေ​နေလိုက်ရမှာကို လိုက်သတင်းပို့မိရုံတင်မက ခံ​​တောင်​ပြောလိုက်​သေးတယ်..

"အဲ့လို..ခင်ဗျား အဲ့လိုလူ​တွေကိုလိုက်အနိုင်ကျင့်​နေလို့ရမယ်ထင်​နေတာလား"

​ဘောမ်ဂယူက ​မြေနဲ့လွတ်လုနီးပါးအ​ခြေအ​နေက​နေ ရှိသမျှသတ္တိစစကို ခြစ်ခြုပ်စုပြီး ​​​​ယောန်ဂျွန်းကို​အော်​ပြောလိုက်ပြန်တယ်..နားနည်းနည်းအူသွားတဲ့​​​​ယောန်ဂျွန်းက​တော့ မဖြုံသလို ခပ်သဲ့သဲ့ပြုံးပြီး ​ကော်လံစကိုဆွဲထားတဲ့ လက်ကိုလွှတ်ချလိုက်တယ်..

"အ!.."

"မင်းနဲ့ကိစ္စကို​နောက်မှရှင်းမယ်..ဒီမှာ​မလှုပ်ပဲစောင့်​နေ!"

ယိုင်ပြီး ဖင်ထိုင်ရက်လဲသွားတဲ့ ​ဘောမ်ဂယူက သူ့ခါးသူပွတ်ရင်း ​ယောန်ဂျွန်းရဲ့​နောက်​ကျောကိုကြည့်ပြီး ခပ်​တိုးတိုးကျိန်ဆဲလိုက်တာကို​တော့ ​ယောန်ဂျွန်း​​သေချာ​ပေါက်မကြားလိုက်ဘူး​ပေါ့..
.
.
ရန်ပွဲက သိပ်​တောင်မကြာလိုက်ဘူး..နာရီဝက်စွန်းစွန်း​လောက်မှာတင် ပြိုင်ဖက်အဖွဲ့ကို ​​ယောန်ဂျွန်း
လက်​တော်​ တောင်မတင်လိုက်ရပဲ အနိုင်ပိုင်းနိုင်ခဲ့တယ်..
​ဘေးကအား​​ပေး​အော်ဟစ်သံ​တွေက​​​တော့ ဆူညံ​နေဆဲ..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now