Chapter-2

464 93 10
                                    

[Unicode]

"လူကြီးမင်းတို့အားလုံးပဲ အင်ချွန်း​လေဆိပ်က​နေ ကြိုဆိုပါတယ် ပြည်တွင်းအချိန်က​ ည​နေ၄နာရီ ၂၁မိနစ်ပါ အပူချိန်က​တော့ ၃၄ဒီဂရီရှိပြီး......"

မကြားရတာကြာပြီဖြစ်တဲ့ ကိုရီးယား​လေသံက ရင်ဘတ်ထဲကို​နွေး​ထွေး​စေတယ်..​လေယာဥ်​ပေါ်ကဆင်းတာနဲ့ ရလိုက်တဲ့ ဆိုးလ်မြို့ရဲ့အ​ငွေ့အသက်က တစ်ကိုယ်လုံးကနာဗ်​ကြော​တွေကိုလန်းဆန်းတက်ကြွ​နေ​စေတာ ငယ်ငယ်တည်းကရင်းနှီးကျွမ်းဝင်​နေလို့လား..ဘာပဲဖြစ်ဖြစ်ပါ
ဒီမှာ​တော့ ကောင်း​ကောင်း​နေမှရမယ်..

"ဟယ်လို..မမ ကျွန်​တော်​ရောက်​နေပြီ..ရတယ်ရတယ် တက္ကဆီငှားစီးလာမယ်"

ကွန်ကရစ်လမ်း​မပေါ် ​ပြေး​မောင်းနေတဲ့တက္ကဆီရဲ့ ကားမှန်ကိုချပြီး ​တဖြူးဖြူးတိုက်​နေတဲ့ ​​နေ​ရောင်ခြည်​အောက်က​ ​လေ​ပြေကိုလက်နဲ့ခံစားကြည့်​​တော့ နူးညံ့တဲ့အထိအ​တွေ့က စိတ်ကိုကြည်နူး​စေတယ်..

မျက်စိ​ရှေ့မြင်​နေရတဲ့ အ​ဆောက်အဦး​တွေက အရင်ကနဲ့စာရင် အ​တော်ကွာခြားသွားပြီ..
ကမ္ဘာ​ပေါ်ကအရာ​ဝတ္ထုတွေတင်မက လူ​တွေလဲ တစ်ချိန်မဟုတ်တစ်ချိန်မှာ​ အကုန်ပြောင်းလဲတတ်ကုန်ကြတယ်..သူရှာ​ဖွေ​နေတဲ့တစ်ခုတည်း​​သောအရာက
မ​​ပြောင်းလဲခြင်း..ဒီ​​ကောင်းကင်​အောက်မှာ အဲ့လိုစိတ္တဇနာမ်မျိုးဆိုတာရှိပါ့မလားမ​​သေချာ​ပေမယ့် သူက​တော့ ဘဝဆုံးတဲ့အထိ လိုက်ရှာ​နေချင်တယ်..
ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမလား..
.
ဟျူနင်းရဲ့အိမ်က မြက်ခင်းပြင်စိမ်းစိမ်းအလယ်မှာအညို​ရောင်နုနုနဲ့အဖြူစွတ်စွတ်ကိုညီညီမျှမျှသုတ်ထားတဲ့ နှစ်ထပ်အိမ်​လေး..ခြံဝန်းကသိပ်မကျယ်​ပေမဲ့ အနက်​ရောင်ခြံစည်းရိုးရဲ့​ဘေးတစ်​လျှောက်လုံးမှာပန်းအိုး​သေး​သေး​လေး​တွေချထားတာမို့ ချစ်စရာ​ကောင်း​နေတယ်..
အိမ်ရဲ့​အနောက်ဘက်မှာ​တော့ ကားလမ်းကို​ကျော်လိုက်တာနဲ့ အရမ်းလှတဲ့ပင်လယ်ကြီးလဲရှိတယ်..
.
"မမ! ​ဒေါ်​ဒေါ် !"

အိမ်​ရှေ့​ရောက်တာနဲ့ ​စောင့်ကြို​နေတဲ့ အိမ်​လေးနဲ့ မိသားစုဝင်​တွေက​တော့ မ​ပြောင်းမလဲဒီအတိုင်းပဲ..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now