Chapter-7

328 78 66
                                    

[Unicode]

ပါးချိုင့်ဆိုတာ ဘုရား​​ပေးတဲ့အရာတစ်ခုတဲ့..
ဘုရားရှင်က ဒီလူသား​ပေါ်မှာ အရမ်းလှတဲ့ပါးချိုင့်​တွေကို ဖန်ဆင်း​ပေးခဲ့တာပဲ..

"အစ်ကို့မှာ ပါးချိုင့်​တွေရှိတာပဲ.."

နူးနူးညံ့ညံ့ပြုံးရင်း ဟျူနင်းက​ပြောလိုက်တယ်..

"အင်း..ဟုတ်တယ်"

ဆူဘင်းကသူ့ပါးကိုခပ်သာသာပွတ်လိုက်ရင်း ဟျူနင်းကိုကြည့်ကာ​ပြောတယ်..

"အစ်ကိုက ကျွန်​တော့​ရှေ့မှာသိပ်မပြုံးတော့ အခုမှ​တွေ့ဖူးတာပဲ..အရမ်းလှတာကို..ခဏခဏပြုံးသင့်တယ်"

တစ်ဘဝလုံး သာမာန်ပါးချိုင့်သာသာလို့ယူဆလာ​တာကို အခုမှ အ​ရေးတယူလှတယ်လို့အ​ပြောခံရ​တော့
ဆူဘင်းမျက်နှာပူချင်လာတယ်..

"ကျွန်​တော်က ခဏခဏပြုံးနိုင်​အောင်လုပ်​ပေးမယ်"

နာရီ မိနစ်တံ​တွေလို​စည်းချက်ညီညီရွေ့လျား​နေတဲ့ ​နေမင်းကြီးရဲ့ ​ရောင်ခြည်​တွေက ဆူဘင်းရဲ့ ​အနက်​ဖျော့​ရောင်ဆံပင်ဖျား​လေး​တွေ​ပေါ်မှာ နားခို​နေပြန်တယ်..

"​အဟမ်း တော်​တော့ အတန်းထဲပြန်ရ​အောင်"

လက်ပတ်နာရီကိုကြည့်လိုက်​တော့ ​ကျောင်းတက်ဖို့၁၀မိနစ်သာလို​တော့တာမို့ ဆူဘင်း ထိုင်​နေရာကထလိုက်ပေမယ့် ဟျူနင်းက​တော့ ထမလာ​သေးဘူး..

"အင်း! အာ ​နောက်တစ်ချိန် သင်္ချာမလား အီးယား..စိတ်ဖိစီးလိုက်တာ.."

"မြန်မြန်လာ​လေကွာ.."

ညီးညီးညူညူလုပ်ရင်း ​နောက်မှာကျန်​နေခဲ့လို့ ဆူဘင်း​အော်​ခေါ်လိုက်​တော့မှ ခပ်မြန်မြန်​ပြေးလာတဲ့ ဟျူနင်းရဲ့မျက်နှာက ခပ်မဲ့မဲ့..တကယ် သင်္ချာချိန်ကိုမကြိုက်တာပဲ..
_______
👩🏻‍🏫
"ကဲကဲ!!အာရုံစိုက်!!"

ခုံကို​သံပေတံနဲ့ရိုက်ရင်း ပွက်​လောရိုက်​နေတဲ့ တစ်တန်းလုံးကိုထိန်းလိုက်​တာက​​တော့ အင်္ဂလိပ်ဆရာမ..

"ဟင်..သင်္ချာဆရာမ မဝင်ဘူးလား"

​ဘေးက​နေ ခါးကိုမတ်လိုက်ရင်း​ပြောတဲ့ဟျူနင်းရဲ့​လေသံနဲ့မျက်နှာထားက အ​စောက​နဲ့မတူ မြူးထူး​နေသလိုပဲလို့ ဆူဘင်းခံစားရတယ်..

𝑭𝒐𝒖𝒏𝒅 𝒚𝒐𝒖 𝒊𝒏 𝒕𝒉𝒆 𝑺𝒆𝒂《𝓗𝓾𝓮𝓫𝓲𝓷》Where stories live. Discover now