(36)

1.6K 86 2
                                    

ကုန်တိုက်ထဲမှာပဲ မင်ဝမ်လေးဗိုက်ဆာနေလို့ စားစရာတခုခုလိုက်ကျွေးခဲ့ရတဲ့ မင်ထျန်။

သူတို့သားဖနှစ်ယောက်ကို မလှမ်းမကမ်း
ခုံကနေ ဖုန်းကနေတဆင့် တဖက်ဖုန်းဆီ တိုက်ရိုက် video call နဲ့ပြနေတဲ့ ကွမ်ယောင်ရဲ့လူတွေ။
''သူဌေး..အစီအစဥ်အတိုင်း ဆက်လုပ်ပေးရမလား။''
စာပို့၍မေးလိုက်သူကြောင့်....

''နေအုံး...''
''မလိုသေးဘူး..ဆက်စောင့်ကြည့်နေ
သူတို့ဘယ်သွားတယ်ဘယ်လာတယ်ဆိုတာကို။''

''ဟုတ်ကဲ့..ဒါဆိုရင် ဖုန်းချလိုက်တော့မယ်
သူဌေးကွမ်။''

''ကောင်းပြီ...''

.
.
.
.
.
.

ဝမ်ရိပေါ် company ရှိရာကို ချောင်လျန်နဲ့
ရောက်လာတာမို့..
စစ်ကျွေးကိုစုံစမ်းခိုင်းထားတဲ့ ရှဖေးဆိုတဲ့
မိန်းကလေးအကြောင်းကို..
စာအိတ်နဲ့ ပို့ပေးလိုက်တဲ့ စစ်ကျွေး။

သူစုံစမ်းပြီးပြီမို့...မင်ထျန်ရဲ့အကြောင်းတွေမကြာခင် သိကြရတော့မယ်။
''ဝမ်ရိပေါ်...ကောအကြောင်းကို ငါသိချင်ပေမဲ့.. ရင်ထဲဝမ်းနည်းနေသလိုပဲကွာ။''

''ချောင်လျန် မင်းပဲအစကသိချင်လှပြီဆို..
ခုတော့ ဘာဖြစ်ရပြန်...''

''ပေး..ဒါဆိုရင် ငါပဲ အရင်ကြည့်လိုက်မယ်
သူ့အကြောင်းကို။''

ချောင်လျန်လက်ထဲကစာအိတ်ကို ရိပေါ်ဆီကို လှမ်းပေးလိုက်ပေမဲ့..သူသိချင်စိတ်က
များနေပြန်ရော...
ဒါနဲ့ပဲ..''နေတော့ကွာ ငါပဲကြည့်လိုက်တော့မယ်။''

စာအိတ်ဖွင့်တဲ့လက်တွေက တုန်နေရှာတယ်။
စာအိတ်လည်းဖွင့်အပြီး စာရွက်တစ်ရွက်မှာ မင်ထျန်နဲ့ ရှဖေးဖေးရဲ့ လက်ထပ်စာချုပ်ဖြစ်နေရှာတယ်။

''ဟင်...ကောက မိန်းမရှိတယ်..
သူမ နာမည်က ရှဖေးဖေး...''

သိချင်စိတ်တွေပြင်းပြလွန်ပြီး..စာအိတ်ကိုထပ်ပြီး မွှေနှောက်ဖြစ်ခဲ့တယ်။

မင်ထျန်ရဲ့ အကြောင်းတွေအစုံပဲ..
နောက် Stick လေးတစ်ခုက စာအိတ်ထဲရှိနေပြန်တယ်။

''ရိပေါ် ငါမင်းရဲ့ laptop ခဏသုံးလို့ရမလား။''

''ရတယ်..ချောင်လျန်...''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now