💓(18)💓

3.4K 183 5
                                        

ဝမ်ရိပေါ်ဖုန်းချလိုက်ပေမဲ့ ..သူ့ရင်ထဲကခံစားချက်တွေက ရှုတ်ထွေးနေဆဲပဲ 'မဖြစ်ဘူး
ငါ အားရှန့်ကိုပြန်မပေးနိုင်ဘူး။
ဒီတော့ ငါ မားဆီပြန်မယ်..မားက အားရှန့်ကိုသိတာပဲ ဒါလည်းမဖြစ်သေးဘူး။'

'ငါဘာလုပ်ရမလဲ.. ငါဘာလုပ်ရမလဲကွာ..
ငါ့ရဲ့ချစ်ခြင်းတွေက အဆုံးသတ်နေပြီလား ငါကအရှုံးဆိုတာကို အမုန်းဆုံးလူပဲ။'

'အားရှန့်ကျေနပ်တဲ့အထိ ကိုယ့်ဘက်ကတောင်းပန်သွားမှာပါ..ဒါကြောင့်လောဘကြီးမိတာ အမှားလား။'

သတိမေ့နေတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး
ရိပေါ်စိတ်ထဲ ဘယ်သူမှမသိတဲ့နေရာကို
ထွက်သွားပြီး ဒီကောင်လေးရဲ့အတိတ်တွေကို အိပ်မွေ့ချကုထုံးနဲ့ မှတ်ဉာဏ်တွေဖျောက်ဖျက်ဖို့ကြံစည်မိပြန်တယ်။
'ဒါမှ ကိုယ်နဲ့မင်းနဲ့အတူရှိနေနိုင်မှာအားရှန့်။'

ဝမ်အိမ်တော်ကို ပြန်ရောက်လာတဲ့ သူဌေးဝမ်ကြောင့် စစ်ကျွေး ဘာကနေဘယ်လို
အကြောင်းစုံ တင်ပြရမလဲ စဥ်းစားနေရပုံ။

''စစ်ကျွေး..မင်းရဲ့အကိုလေးရော..
ဉီးလေးမတွေ့ပါလား။''

''အကိုလေးက အပန်းဖြေကျွန်းမှာပါ အန်ကယ်ဝမ်။တစ်ရက်နှစ်ရက်အတွင်းပြန်လာမယ် ပြောပါတယ်။''

''အေ..ထားလိုက်တော့..
ဒါနဲ့ ဒေစီကဘာလာလုပ်တာလဲ မင်းဆီကို။''

''ဟို..ဟို.ဟိုလေ.အလုပ်ကိစ္စပါ အန်ကယ်ဝမ်
အဲ့ဒါ အကိုလေးနဲ့မတွေ့လို့ စစ်ကျွေးဆီ
ဆက်သွယ်ပြီး အကိုလေးဆီပြောခိုင်းတာပါ။''

''Aww..ဟုတ်လား။''

ဝမ် Company မှာတော့ ယနေ့ကျင်းပမဲ့
လေလံပွဲကို ဟန်မင်းဆက်လက်ထက်က ရှေးဟောင်းကျောက်စာကနေ စပြီးလေလံ
စတင်ရောင်းချရန် စီစဥ်ထားပြန်တယ်။

Japan ကနေ ပေကျင်းကိုရောက်နေပြီဖြစ်တဲ့ကွမ်းယောင်..သူ့တပည့် ဟောက်ရွှမ်းနဲ့
နှစ်ယောက်ထဲပေ။
ဒီနေ့လေလံပွဲမှာ ဝမ်ရိပေါ်ကို သူအနိုင်ယူမှာမို့ ကျေနပ်နေပြီး အကြံဉာဏ်မျိုးစုံထုတ်နေပါရဲ့။

''ယွင်မေ့..အားရှန့်လေးကို ဝမ်CEO ကခေါ်သွားတယ်တဲ့..ကျဲဘာလုပ်ရမလဲဟင်..
ကျဲရှာနေတာခုထိမတွေ့သေးဘူး..အားရှန့်လေးတခုခုဖြစ်မှာပဲစိုးရိမ်မိတာ။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Место, где живут истории. Откройте их для себя