''ဝမ်ရိပေါ်ကို ငါ့ဆီဖမ်းခေါ်လာဖို့ မင်းကိုခိုင်းထားတာလေ ဟောက်ရွှမ်း..ခုထိမပြီးသေးဘူးလား။ ဟမ်း...ဖြေလေ ငါမေးရင်ပြန်ဖြေတာပဲလိုချင်တယ်။''
ကွမ်ယောင်ရဲ့ဒေါသက အပြုံးနဲ့မှမလိုက်
သူ့လက်ထောက်ကို ပိတ်ကန်ပစ်ရင်း ခုံပေါ်က ပစ္စည်းတွေကို အကုန်ရိုက်ခွဲနေပြန်သေး။
''တောက်စ်''...
''ငါ့ညီမအတွက် လက်စားချေရမှ ငါစိတ်ထဲရှင်းမယ်။''
"ဟိုကောင်ကိုရော ရှာလို့တွေ့ပြီလား.. ဟောက်ရွှမ်း.."
''Boss သူကဝမ်ရိပေါ်ရဲ့ လက်ထဲမှာပါ..''
ဟောက်ရွှမ်း ရဲ့စကားကိုကြားပြီး
ရယ်လိုက်တဲ့ ကွမ်ယောင်..
''အဟက်..အခုကတည်းက သူက ကာကွယ်ထားပြီပေါ့ အဲ့ဒီကောင်ကို။
ကြိုက်တယ်.. ငါကိုယ်တိုင် နှစ်ယောက်စလုံးကို ကိစ္စတုံးပေးရတာပေါ့။''
''Boss ဝမ်ရိပေါ်ရဲ့ နေရာကိုအတိအကျ
ကျွန်တော်လည်းစုံစမ်းလို့မရပါဘူး။သူခုဘယ်မှာပုန်းနေလဲ မသိရဘူး။''
"ထားလိုက်တော့ မင်းကစောက်သုံးမှမကျတာကိုး...အလကားကောင်ရဲ့.."
ဒီနေဝမ်ရိပေါ် အိပ်ယာပေါ်ကထလာပေမဲ့
မနေ့ကရေချိုးခန်းထဲ ရှောင်ကျန့်ကို သူပစ်ထားခဲ့တဲ့အတွက် ဘာဖြစ်နေမလဲ သူမသိချင်ဘူး။တခုပဲ သေသွားမှာပဲ စိုးရိမ်တာ
သေလို့မဖြစ်ဘူးလေ သူနှိပ်စက်လို့မဝသေးဘူး ဒါကြောင့်ပါ။
ရေချိုးခန်းထဲ လက်ထိပ်ခတ်လျှက် မလှုပ်မယှက် အိပ်ပျော်နေတဲ့ ရှောင်ကျန့်..
သတိမေ့နေတယ်ဆိုပိုမှန် ပါလိမ့်မယ်။
''ဟိတ်..ထတော့လေ..ငါရေချိုးမလို့
မင်းအဲ့ဒီကေနဖယ်ပေး။''
လှုပ်မလာတဲ့ ရှောင်ကျန့်ကိုယ်လေးကို
ကိုင်ကြည့်တော့ အေးစက်နေတဲ့ အသေကောင်အတိုင်းပဲ။
''အမေ့..အေးလိုက်တာ..'' ဝမ်ရိပေါ်လန့်သွားတာတော့အမှန်ပဲ...
'ဟာမဖြစ်ဘူး..'လက်ထိပ်ကို အမြန်ချွတ်လိုက်ပြီး ရှောင်ကျန့်ကိုယ်ကို သူ့အိပ်ယာဆီ ပွေ့ခေါ်သွားတော့တယ်။
"ကျင်ရီ ဆရာဝန်ခေါ်ခဲ့ မြန်မြန်သွား.."
"ဟုတ်ကဲ့ အကိုလေး.. "
ВЫ ЧИТАЕТЕ
သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed)
Любовные романыအားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပါသည်။
