💓(19)💓

3K 164 13
                                    

''နာကြင်စရာတွေများနေတာ..ကိုယ်သိတယ်.. အားရှန့်။ဒါကြောင့် ဒီတကြိမ်ပဲ အခွင့်အရေးပေးပါ..ကောရဲ့အမှားတွေအတွက် ပြင်ဆင်ချင်မိတယ်။''

မျက်ရည်များနဲ့ ထိုလူသားနှစ်ဦးမှာတော့..
တစ်ယောက်က နာကျည်းမုန်းတီးမှုတွေနဲ့
မျက်ရည်ကျနေရသလို..
နောက်တယောက်ကတော့ နောင်တအမှားတွေအတွက် ကြွေနေရတဲ့မျက်ရည်စက်တွေနဲ့ပါ။

ရှောင်ကျန့်အခုချိန်မှာ သူဆေးလိုချင်လာပြီလေ..အချိန်မှန်ဆေးမရရင် အော်ဟစ်သောင်းကျန်းနေကြ။

အသွေးအသားတွေထဲ ဆေးကိုတောင်းတလာပြန်တော့...
အသားများတုန်ကာ ဒေါသစိတ်က ထိန်းမရခဲ့..''အားးးးး..ဆေး
ဆေး..ဆေးပေးပါ..အားးး..ငါဆေးလိုချင်တယ်..ဝမ်ရိပေါ်..''

''အားရှန့်..အားရှန့် စိတ်ထိန်းပါအုံး..''
ရှောင်ကျန့်ကို ဖက်ထားပေးရင်း..ရိပေါ်ဘေးကနေ စကားများပြောနေခဲ့ခြင်းပေ..

ရိပေါ်..ရင်ခွင်ထဲကကောင်လေးကတော့..ဆေးပေးပါဆိုပြီး အော်ဟစ်တောင်းနေပေမဲ့..
ရိပေါ်ကမပေး..
မပေးနိုင်တာက သူယူမလာခဲ့မိဘူး။

''ငါ့ကို သတ်လိုက်ပါတော့ ..ဝမ်ရိပေါ်..
ငါသေချင်တယ်..သတ်လိုက်..
မင်းမသတ်ရင် ငါ့ကိုယ်ငါ သတ်သေပြစ်မယ်...အားးးး..အားးးးဟင်..ဟင်..''

''အားရှန့်..ကိုယ်တောင်းပန်ပါတယ်.''(ငိုရင်း)

''ဒီဆေးတွေ မသုံးပါနဲ့တော့..
မင်းကိုထိခိုက်စေတဲ့အတွက် မသုံးပါနဲ့နော်
ကောရဲ့စကား နားထောင်ပါကွာ။''

ဆေးတောင်းနေတာမရတဲ့အဆုံး..ရှောင်ကျန့် ရိပေါ်ရဲ့ ပုခုံးသားတွေကို အားပါပါ
ကိုက်ရင်း သူ့ရဲ့ဒေါသတွေကို ဖြေနေမိတယ်။

"အာ့.."

"အားရှန့်.."

ရှောင်ကျန့်ရဲ့ရှေ့သွားနှစ်ချောင်းက ရိပေါ်ရဲ့ပုခုံးသားထဲ နစ်ဝင်နေတာကြောင့် တင်းခံရင်း နာကြင်တာကို ထုတ်မပြခဲ့တဲ့ ရိပေါ်ပါ။

သွေးများ ထွက်နေအောင်ကိုက်ပြစ်ပြီးမှ မောပြီးပြန်အိပ်ပျော်သွားတဲ့ရှောင်ကျန့်ကြောင့် ရိပေါ် အိပ်ယာပေါ် လှဲချမိလိုက်တယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Onde histórias criam vida. Descubra agora