ရှောင်ကျန့်ဆီ ဝင်လာတဲ့ဖုန်းကြောင့်..
''Hello.. ဉီးလေးဝမ်..ပြောပါ ''
''သားရဲ့အကိုကို သားခေါ်သွားတာလား။''
''ဟုတ်တယ် ဦးလေး..ကောကကျွန်တော်နဲ့အတူရှိနေတာပါ။ဉီးလေးစိတ်မပူပါနဲ့။''
''ကောင်းပြီအားရှန့်လေး ဦးလေးစိတ်ချပါပြီ
သားရဲ့ကောကို သားဂရုစိုက်ရမယ်နော်။''''ဟုတ်ကဲ့။ ''
.
.
.
.ဝမ်ရိပေါ်ရဲ့အခြေအနေက တော်တော် လေးအနားယူရမဲ့အခြေအနေမှာမို့..ရှောင်ကျန့်
သူ့သမီးကို လွမ်းလှပြီ ဒါကြောင့် ဒေါ်ဒေစီကို ကလေးလာပို့ခိုင်းပြန်တယ်။ဝရန်တာကနေ လှမ်းမြင်နေရတဲ့ ကန်ရေပြင်ကြီးဟာ တိတ်ဆိတ်ညိမ်သက်လို့..
ရှောင်ကျန့်ရဲ့အတွေးတွေက ထိုကန်ရေပြင်ထက် ပို၍တိတ်ဆိတ်ညိမ်သက်နေပြန်တယ်။
မတတ်သာတဲ့အဆုံးမှ ကလေးအကြောင်းဖွင့်ဟဝန်ခံသွားမှာ..
သမီးလေး ဝမ်ဝမ်က ရှောင်ကျန့်ရဲ့ ဒုတိယအသက်ဘူးလေးမို့ ရှောင်ကျန့်အလွယ်နဲ့တော့ အေရှာ့ပေးမှာမဟုတ်ပေ။
.
.
..
နောက်နေ့မနက်မှာတော့ မကာအိုရဲ့ရှောင်းစံအိမ်တော်မှာ ကလေးရယ်သံလွင်လွင်လေးက မနက်ခင်းရဲ့အလှတရားနဲ့အတူနိုးထလာတော့သည်။
''ခစ်ခစ်ခစ်...ခစ်ခစ်ခစ်''နဲ့..
ရှောင်ကျန့် သူ့သမီးငယ်ကို ရေချိုးပေးအပြီး ကျီစယ်နေတဲ့အတွက် ဝမ်ဝမ်လေးရဲ့ရယ်သံလေးက အသည်းထဲရင်ထဲအထိချစ်မဝရအောင် ပိုရသည်အထိပါ။ဝမ်ဝမ်လေးရဲ့ပါးနှစ်ဖက်ပေါ်ကို သခွားသီးနှစ်ကွင်းတင်ပေးပြီး သမီးကို အလှပြင်ပေးနေတဲ့ မားမားကျန့်ရယ်ပါ။
သမီးရဲ့ဓာတ်ပုံကို အကျအနရိုက်ပြီး poto
Books မှာ သိမ်းထားလိုက်တဲ့ရှောင်ကျန့်။''ပါးပါးရဲ့သမီးလေးတောင် အတော်လေးချစ်ဖို့ကောင်းနေပြီနော်..''
သားဖနှစ်ယောက်
ရဲ့အသံတွေကြောင့် ရိပေါ် အခန်းထဲကနေ
အိမ်အောက်ထပ်ဆီဆင်းလာပါတော့တယ်။
သူသိပ်သိချင်နေတယ်..ရှောင်ကျန့်ရဲ့အသံတွေက ဘာလို့ဒီလောက်ထိပျော်ရွှင်နေရပါလိမ့်ဆိုပြီး...အားယူပြီး ရအောင်ဆင်းလာခဲ့တယ်။
ESTÁS LEYENDO
သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed)
Romanceအားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပါသည်။