နောက်နေ့မနက်မှာတော့.. ရှောင်ကျန့်နဲ့အတူ ရှောင်ပိုင်တို့သားဖ ချောင်လျန်..
သူတို့တွေ ပေကျင်းမြို့ဆီ မနက် flight
နဲ့ပဲ ထွက်လာခဲ့ကြတယ်။မင်ဝမ်လေးက ရှောင်ကျန့်နဲ့အတူပါလာတဲ့အတွက် ရှောင်ကျန့်လဲ သားလေးတစ်ယောက်လို့ ပြုစုခေါ်လာခဲ့မိတယ်။
ဒီကလေးက အရမ်းခင်မင်တတ်တာ..
ရှောင်ပိုင်လိုပဲ စိတ်သဘောထားကောင်းလှတယ်။ခုက သူတို့တွေ ပေကျင်းလေဆိပ်ကိုရောက်နေကြခြင်းပါ။
ဝမ်ရိပေါ်တို့ သားဖကတော့ မနက်ကတည်းက အစောကြီးလာစောင့်နေတဲ့အတွက် လေယာဥ်ဆိုက်တာနဲ့ ချစ်ရသူနဲ့သူငယ်ချင်းတွေအလာကို လည်တဆန့်ဆန့်နဲ့ မျှော်နေရှာသူ...
ဝမ်ဝမ်လေးကို ချီထားရတာအမော..
သမီးဖြစ်သူက ရိပေါ်ကို အရမ်းချွဲတတ်သေး...ချိုလိမ်ပါးစပ်ထဲထည့်ပေးထါးလဲမရဘူး လွှတ်ပစ်တယ်။မထင်ရင်မထင်သလို
ရိပေါ်ရဲ့ဆံပင်ကိုဆွဲပြီးမျက်နှာကိုရိုက်တတ်သေး။ဒါလည်းရိပေါ်ကသည်းခံပေးတယ် သူ့သမီးကငယ်သေးတာကို..
ကလေးတို့ရဲ့သဘာဝ လက်က ရိုက်မှာပဲ
ဆွဲမှာပဲ ကိုယ်တွေငယ်ငယ်ကဆိုရင်လည်း
ဒီအတိုင်းပဲနေမှာပဲလေ။
မိဘဆိုတော့လည်း သားသမီးရဲ့ဆိုးနွဲ့ခြင်းကိုခံရမှာ မလွဲမသေပါပဲ။ရှောင်ကျန့်..ဝမ်ရိပေါ်တို့သားဖကို မြင်တာနဲ့..မြန်မြန်ရှောက်လာကာ
''ကော..''
''သမီးငယ်..''
ပြေးဖက်ရင်း အလွမ်းဖြေနေမိတယ်။ဖြူဖြူလုံးလုံးလေးနဲ့ သမီးဖြစ်သူက
ရှောင်ကျန့်ကိုမြင်တာနဲ့ လက်လှမ်းနေပြန်ရော...''အယ် ပါးရဲ့သမီးက ပါးကိုလွမ်းနေလို့လား
ပါးကလည်း လွမ်းနေရတာ''
ဝမ်ဝမ်လေးကိုချီပြီးအနမ်းတွေပေးနေပြန်တဲ့ရှောင်ကျန့်။''ချောင်လျန်..မတွေ့တာတောင်အတော်ကြာပြီပဲ။''
ရိပေါ်ရဲ့စကားကြောင့် ချောင်လျန်လည်း
ပြုံးပြရင်း ''ဟုတ်တယ် ရိပေါ်..မင်းရဲ့သမီးလေးက ချစ်စရာကောင်းသားမင်းနဲ့အတော်ကိုတူတာပဲ ဖအေတူသမီးလေးရထားတာပဲ။''''လာ အိမ်ကိုသွားကြမယ်..မင်းရဲ့ကောကိုပါ
ခေါ်ခဲ့ချောင်လျန် ပျော်ပျော်ပါးပါးပေါ့။
ငါ့အိမ်မှာ စိတ်ကြိုက်နေလို့ရတယ် သိလား
အားနာစရာမလိုဘူး။''
![](https://img.wattpad.com/cover/242795012-288-k22615.jpg)
ESTÁS LEYENDO
သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed)
Romanceအားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပါသည်။