💓(15)💓

3.6K 213 8
                                    

ကျင်ရီ အခုတော့သူ ရှောင်ကျန့်လေးကို
ပေကျင်းရဲ့ အထူးမူးယစ်ကုသဆောင်ဆီပို့ဆောင်တဲ့လမ်းမှာပါ။

ဝမ်ရိပေါ်ကတော့ သူ့ရဲ့အားရှန့်ကိစ္စနဲ့ပက်သက်ပြီး ဝမ်အိမ်တော်ကို အမြန်ပြန်လာခဲ့တဲ့အချိန်..

''ဂျိမ်း''ဆိုတဲ့တံခါးဆောင့်ပိတ်သံကြောင့်..
စစ်ကျွေးလန့်နေမိတယ်။

''အကိုလေး..အကိုလေး..''

''ဟိုကောင်လေးရော..စစ်ကျွေး သွားခေါ်လာခဲ့။''

စစ်ကျွေးငိုမဲ့မဲ့ရုပ်ကလေးနဲ့ပြန်ဖြေမိပုံက
''အကိုလေး ကျန့်ကျန့်ကို ကျင်ရီကောခေါ်သွားတယ်ထင်တယ်။''

"ဘာ.."

''ခုချက်ချင်း ဖုန်းခေါ်လိုက်..သူ့ဆီကို..''

''ဟုတ်..ဟုတ်ကဲ့ အကိုလေး။''

တဖက်မှာတော့..''ကျင်ရီကော ငါ့ကိုဘယ်ခေါ်သွားမလို့လည်း အခုက ဘယ်ကိုမောင်းနေတာလည်း။''

''ရှူးး..တိတ်တိတ်နေ..မကြာခင်သိရလိမ့်မယ်။''

''ဟင့်အင်း..ငါမလိုက်ဘူး..မလိုက်ဘူး။''

''ကျန့်ကျန့် အကိုက မင်းကို ကောင်းစေချင်လို့ ဒီကိုပို့ပေးရတာ..ဒါမှမင်းရဲ့ဒီဝဋ်ကြွေးက
နေလွတ်နိုင်မှာ သိလား။''

''ကျန့်လေး..မင်းက လိမ္မာပါတယ်. အကို့စကားနားထောင်ပါနော်။ အကိုမင်းကို လာတွေ့မှာပါ မင်းကို ဒီပုံစံအတိုင်းမကြည့်ရက်လို့ပါ။''

''ကျင်ရီကော..ဆေးပေးပါ..ကျန့်ကျန့် အခုလိုချင်နေလို့..''

ထိုစဥ်..phone
Ringtone.. သံကြောင့်..
ကျင်ရီ ဖုန်းကိုင်လိုက်တော့သည်..

တဖက်မှ..''ခုချက်ချင်းပြန်လာခဲ့ ကျင်ရီ
ရှောင်ကျန့်ကိုပြန်ခေါ်လာခဲ့..ငါ့ဒေါသကို
ဆွနေတာလား..မင်း။''

''အကိုလေး..ကျင်ရီ ရှင်းပြတာ နားထောင်ပါအုံး။''

''ငါမသိချင်ဘူး..ရှောင်ကျန့်ကို ငါအတည်ပြုစရာရှိတယ်။ခုချက်ချင်းနော် အချိန်ဖြုန်းတာ ငါမကြိုက်ဘူး။''

''စိတ်မကောင်းပါဘူး.. အကိုလေး ကျင်ရီ
ရှောင်ကျန့်ကို အဝေးကိုခေါ်သွားပြီ။
အကိုလေးပေါ် အပြစ်ပြုမိလို့ ကျင်ရီကို ခွင့်မလွှတ်ပါနဲ့။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now