💓(20)💓

3.1K 141 10
                                    


သတိမေ့နေတဲ့ ဝမ်ရိပေါ်ကို အိမ်ကြီးဆီပြန်ခေါ်လာကြတဲ့ ကျင်ရီနဲ့ လက်အောက်ငယ်သားတချို့..
''မင်းတို့ စက်လှေအသင့်ပြင်ထားကြ''

ကျင်ရီရဲ့စကားကြောင့်..ကမ်းစပ်ဘက်ထွက်လာကြတဲ့ လက်အောက်ငယ်သားနှစ်ယောက်။

ကျင်ရီမှာတော့ ရိပေါ်လေးကို သတိရအောင်ခေါ်နှိုးနေမိတယ်။
''သတိရပါတော့ အကိုလေးရာ..
အကိုလေးကို ခုလိုပုံစံမျိုးနဲ့ မမြင်ချင်ဘူး။''

''ခေါင်းဆောင်ရီ..စက်လှေအသင့်ဖြစ်ပြီ ''

''အေး..ငါတို့အကိုလေးကို စံအိမ်တော်ကိုပြန်ခေါ်သွားကြမယ်။အကိုလေး အဖျားတွေဝင်နေပြီ..''

အဲ့ဒီနောက် ဝမ်စံအိမ်ရှိရာကို ပြန်ခေါ်လာကြတယ်။

.

.
ဝမ်ရိပေါ် ဟိုင်နန်းကျွန်းမှာ ရှိနေတဲ့ရက်က
လေလံပွဲကို စစ်ကျွေးသွားခဲ့ရတယ်။
လေလံပွဲမှာ ကွမ်ယောင်နဲ့ ပစ္စည်းလေလံလုခဲ့ရပေမဲ့ စစ်ကျွေးကအရှုံးပေးခဲ့တယ်။
ဒါပေမဲ့ သူတို့နှစ်ဦးစလုံး ထိုပစ္စည်းကို မရကြပေ။အကြောင်းကတော့ စစ်ကျွေးက
တဖက်လှည့်နဲ့ တခြားလူကို ပစ္စည်းလေလံ
ဝင်ဆွဲခိုင်းခဲ့ခြင်းကြောင့်ပါ။
ရှေးဟောင်း ကျောက်စိမ်းနဂါးရုပ်ထုကို
လေလံလုခဲ့ကြပေမဲ့.. ဉာဏ်ပြေးသူက ပိုင်ဆိုင်ရစမြဲပေ။
ခုတော့ စစ်ကျွေးက ရှန်ဟိုင်းက ဝမ်စံအိမ်တော်ကိုရောက်နေရခြင်းပါ။
'တဖက်အိမ်တော်က တိတ်ဆိတ်နေဆဲ..
ဘာလှုပ်ရှားမှုမှ မတွေ့ရ..
သူရောက်တာနောက်ကျခဲ့ခြင်းများလား။'

ခဏကြာတော့..ဘေးအိမ်က ကားသံကြားရ၍ စစ်ကျွေး ချောင်းကြည့်မိရာ..
ခြံကြီးထဲက ထွက်ခွာသွားတဲ့ ကားနက်ကြီးတစ်စီး။

ကားနံပါတ်ကိုသေချာမှတ်ပြီး..စစ်ကျွေး
နံပါတ်တခုကို နှိပ်ပြီး ဖုန်းခေါ်လိုက်ပြန်တယ်။

တဖက်မှ..လူထံသို့..ကားနံပါတ်######..
ကိုခြေရာခံရှာပေးဖို့ ပြောလိုက်ခြင်းပါ။

ကယောင်ကတမ်းနဲ့ ကားပေါ်မှာနိုးလာခဲ့တဲ့ ရှောင်ကျန့်..သူ့အိပ်မက်ထဲ ဝမ်ရိပေါ်က
ကားရှေ့ကိုပြေးဝင်သွားတယ်လို့ မြင်မက်မိခြင်းကြောင့်..မောဟိုက်စွာဖြင့်..
''မဟုတ်ဘူး..မလုပ်နဲ့ကော..ဟင်..ဟင်..ဟင်။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Donde viven las historias. Descúbrelo ahora