(37)

1.6K 82 2
                                    

တဖက်မှဖုန်းမကိုင်သောကြောင့်..
ချောင်လျန်စိတ်ပူသွားပြီး ဖုန်းကိုခြေရာခံကြည့်တော့ ပေကျင်း သချိုင်းဆီရောက်နေခြင်းပါ။

''ရိပေါ် ငါတို့ လိုက်သွားရအောင် ကောတခုခုဖြစ်နေပြီထင်တယ်။''

''ကောင်းပြီလေ..ဒါဆိုရင် သွားကြမယ်
ငါအားရှန့်ဆီအရင်ဆုံးဖုန်းဆက်လိုက်အုံးမယ်...
ချောင်လျန်။''

''အေးပါကွာ.. ''

ရှောင်ကျန့် ဝမ်ဝမ်လေးကိုထမင်းကျွေးနေတုန်း ရိပေါ်ရဲ့ဖုန်းကဝင်လာတဲ့အတွက်..

''ဟဲလို ကော...ပြောလေ ''

''အားရှန့် အကို ရှောင်ပိုင်အိမ်ပြန်ရောက်ပြီလား။''

''မရောက်သေးဘူး..ကော
ဘာဖြစ်လို့လဲ..''

''အားရှန့်အိမ်တံခါးတွေသေချာပိတ်ပြီးနေ..
ဘာမှမဖြစ်ဘူး..ကောပြောတာကြားလား။''

''အင်းပါကော..ကျန့်ကျန့် ဂရုစိုက်ပါ့မယ်။''a user

''ကောခနနေပြန်ရောက်မယ်..
ဖုန်းချလိုက်တော့မယ်နော် အားရှန့်..''

''ဟုတ်..ကော''

.
.
.
''ချောင်လျန် ရဲစခန်းကိုဖုန်းဆက်လိုက်တော့..''
''သေချာတယ်.. ရှောင်ပိုင်ကောနဲ့မင်ဝမ်လေးကို သူတို့တွေဖမ်းခေါ်သွားတာ။''

''အားရှန့်ကိုမေးပြီးပြီ..သားဖနှစ်ယောက်လုံး
ခုထိပြန်မရောက်သေးဘူးတဲ့..''

''ကွမ်ယောင်ဆိုတာသေချာရဲ့လား ရိပေါ်..
သူမဟုတ်ပဲ တခြားသူဆိုရင်ရော..''

''သူပဲရှိတယ်..အဓိက တရားခံက သူပဲ
ချောင်လျန်..
မင်းစဥ်းစားကြည့်ဖူးလား..''

''ဘာကိုလည်း ရိပေါ်..''

''မင်ဝမ်လေးက ကွမ်ယောင်နဲ့ချွတ်စွပ်တူတယ်ဆိုတာကို..မင်းသတိမထားမိဘူးလား။''

''ငါမင်ဝမ်လေးရဲ့အင်ကျီကြယ်သီးမှာ ကင်မရာတပ်ထားတယ် ချောင်လျန်။''

''ငါတို့အခြေအနေသိရတာပေါ့..
ငါပြမယ်..''

ရိပေါ်ရဲ့စကားကြောင့် ချောင်လျန်မှာတော့
ဘာမှပြန်မပြောနိုင်ပေ။
''ငါနားမလည်တော့ဘူး ရိပေါ်ရာ..ဘာကဘယ်လိုဆိုတာ။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Donde viven las historias. Descúbrelo ahora