(40)

1.8K 82 0
                                    

စစ်ကျွေးကတော့ ကျင်ရီနဲ့နှစ်ယောက်သား
ဟောင်ကောင်ကို ကြိုရောက်နေကြတယ်။
မင်ထျန်တို့သားဖနှစ်ယောက်ကို ကယ်ဖို့အတွက်ပါ။

ကွမ်ယောင်နဲ့နှစ်ယောက်တည်းရှိနေတဲ့မင်ထျန်မှာတော့ စိတ်တွေလွန်ဆွဲနေရပြီ...

''မင်ထျန် ကိုယ်နောက်ဆုံးတောင်းဆိုတာပါ
..မင်ဝမ်လေးနဲ့ အတူတူနေချင်တဲ့အတွက် ကိုယ့်ကိုလက်ထပ်ပေးပါကွာ။''

''မဖြစ်နိုင်ဘူး ကွမ်ယောင်... ငါတို့သားဖနှစ်ယောက်ကို ပြန်ပို့ပေးပါတော့..သားကမင်းကိုမချစ်သလို မင်းနဲ့လည်းအတူနေနိုင်မှာမဟုတ်ဘူး။''

''ကိုယ်ပြုပြင်ပြောင်းလဲလိုက်ပါ့မယ် မင်ဝမ်လေးကို.. ကလေးတွေက ချော့ပြောရင်နားဝင်ပါလိမ့်မယ်။''

''အဟက်...မင်းထင်သလား သားက ငါ့ကိုခွဲပြီးနေမှာမဟုတ်ဘူး။မင်းအကြောင်းတွေကို သေချာမသိသေးပဲ သားက အနားကပ်ခံမယ်လို့ မယုံလိုက်နဲ့..
ဘာလို့လဲဆိုရင် သားက ငါ့ဘဝဖြစ်နေလို့ပဲ။''

''မတရားဘူး..မင်ထျန် သားက ငါ့ရဲ့သွေးသားလေ မင်းငါ့ကိုသားနဲ့တော့ နောက်ထပ်မခွဲပါနဲ့..
ငါ မင်းဖြစ်စေချင်သလို ခဏနေ ပြန်ပို့ပေးမယ်။ဒါပေမဲ့ သားနဲ့တော့ ကိုယ့်ကို တွေ့ခွင့်ပေးပါကွာ တစ်လမှာ တစ်ရက်လောက်တော့ တွေ့ဖို့တောင်းဆိုပါရစေ။''

''မင်ဝမ်ရဲ့သဘောပဲ...သားကမင်းကိုတွေ့ချင်ရင်လာတွေ့လိမ့်မယ်..ငါနဲ့မဆိုင်ဘူး
သားရဲ့ဆုံးဖြတ်ချက်ပဲ ငါမတားဆီးဘူး။''

''ကောင်းပြီ..မင်ထျန်..ကိုယ်နားလည်ပါပြီ..
အားလုံးသားရဲ့ဆန္ဒအတိုင်းမင်းဘက်ကလိုက်လျောပေးပြီးပြီမို့..မင်ဝမ်လေးရဲ့အပေါ်မှာပဲမူတည်တော့တာ ကိုယ်သိပြီ။''

''မင်အခက်တွေ့အောင် ကိုယ်ဘာမှမလုပ်တော့ပါဘူး..ဒါပေမဲ့ ကိုယ်မင်းနဲ့သားကိုတော့စောင့်နေမှာပါ။
ခဏနေ ဟောက်ရွှမ်းကို ပြန်ပို့ခိုင်းလိုက်မယ်.စောင့်နေပါ။
ကိုယ့်အမှားတွေပြင်ဆင်ပြီးရင် ပြန်လာခဲ့မယ် မင်ထျန်။''

နောက်ကျောပေးထါးတဲ့ မင်ထျန်ကို စကားတွေပြောနေပေမဲ့ သူငိုနေခဲ့ပါတယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Место, где живут истории. Откройте их для себя