အိပ်ပျော်နေတဲ့သမီးဖြစ်သူကို ရိပေါ်ကြည့်ပြီးအသည်းယားနေပြန်ရော..
''အားရှန့် သမီးလေးက ကောနဲ့တူတယ်မဟုတ်လား။ပါးဖောင်းဖောင်းလေးတွေက
မွှေးချင်စရာလေး''
စိတ်မထိန်းနိုင်ပဲ သမီးဖြစ်သူရဲ့ပါးဖောင်းဖောင်းလေးဆီ အနမ်းပို့မိပြန်တော့ နိုးလာခဲ့တဲ့ဝမ်ဝမ်လေး..''အဟင့်..အဟင့်..အဟင့်..''
မျက်လုံးမဖွင့်သေးပဲ အရင်ဆုံးငိုသံကထွက်ပေါ်လာတော့ ရှောင်ကျန့် သမီးဖြစ်သူကို
ကောက်ပွေ့လိုက်ပြီးရင်ခွင်ထဲ ပုတ်၍ချော့နေရပြန်တယ်။''အင်းပါ..ပါးရဲ့သမီးလေးက အိပ်ရေးဝမသေးဘူးကိုး..ဟုတ်တယ်နော်..
သမီးရဲ့ပါးပါးက အရမ်းဆိုးတာပဲ သမီးရဲ့အိပ်ကောင်းခြင်းတွေကို နှောက်ယှက်နေလို့..အင်းပါ အင်းပါ.. လိမ္မာတယ်ပါးရဲ့သမီးငယ်က...''ဝမ်ဝမ်လေးရဲ့ကျောပြင်လေးကို ရှောင်ကျန့် သူ့ရဲ့လက်လေးများနဲ့အသာပွတ်ပေးရင်း ပြန်ချော့သိပ်နေရပြီ..
လက်မလေး ပါးစပ်ထဲထည့်နေတဲ့ဝမ်ဝမ်လေးကြောင့် ချိုလိမ်လေးယူပြီးပါးစပ်ထဲအသာထည့်ပေးကါ နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သည်အထိ ရှောင်ကျန့်မှာ ဂရုစိုက်နေရရှာတယ်။''ကောကလေ..အားကြီးနဲ့သမီးကိုနမ်းရသလား..ဝမ်ဝမ်လေးက အရမ်းသတိကြီးတာ
အရမ်းလဲ နားပါးတယ်။''''ဟုတ်ပါပြီ ကောနောက်တခါသမီးအိပ်နေရင် မနမ်းတော့ပါဘူး..ကောကအူယားလို့ပါ အားရှန့်။''
''ဒီနေ့ ဆရာဝန်လာလိမ့်မယ် ဆေးထိုးရမယ် သိလား ရေချိုးထားတော့ သွား။''
''အင်းပါ..အားရှန့်လေး...
မွ..''
ရှောင်ကျန့်ရဲ့ပါးကို အလစ်နမ်းသွားတဲ့ရိပေါ်ကြောင့်..မျက်စောင်းတွေနဲ့ပွစိပွစိပြောပြီးကျန်ခဲ့တဲ့
ရှောင်ကျန့်..ရင်ထဲမှာတော့ အပျော်တွေနဲ့ပါ။ကောက သူ့ကို ငယ်ငယ်ကလိုပဲ အရမ်းချစ်နိုင်ပါစေလို မျှော်လင့်မိပြန်တယ်။
ကြားက ဒုက္ခတွေပဲပေးခဲ့တဲ့ ကံတရားကြီးကို ဒီတခါတော့ ပျော်ရွှင်ခြင်းတွေပဲပေးပါလို့ တောင်းဆိုမိပြန်တယ်။
![](https://img.wattpad.com/cover/242795012-288-k22615.jpg)
YOU ARE READING
သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed)
Romanceအားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပါသည်။