တရုတ်နိုင်ငံ ပေကျင်းမြို့ရဲ့အချမ်းသာဆုံး
သူဌေးကြီးလုဝမ် ဒီနေ့ ဝမ် Company ရဲ့
အထူးအစည်းဝေးပွဲခန်းထဲ စကားအနည်းငယ်ပြောဖြစ်ခဲ့တယ်။''အားလုံးပဲ မင်္ဂလာပါ.."
''ဒီနေ့လို နေ့မျိုးမှာ အခုလို အရေးပေါ်အစည်းဝေးပွဲခေါ်လိုက်ရတဲ့အကြောင်းရင်းက မနက်ဖြန် လန်ဒန်က ကျွန်တော့်ရဲ့သားငယ် အမိမြေကို အပြီးပိုင်ပြန်ရောက်မှာပါ။
တလက်စတည်း ဝမ် Company ရဲ့ CEO
ရာထူးကို လွှဲပြောင်းပေးဖို့လည်း စိတ်ကူးထားတာကြောင့် အားလုံးကိုအခုလိုအသိပေးရခြင်းပဲ။''''ကျောင်းပြီးလို့ အလုပ်ကို ကိုယ်တိုင်စီမံနိုင်ပြီဖြစ်တဲ့အတွက် ကျွန်တော် လုဝမ်လည်းအနားယူသင့်ပြီထင်လို့ပါ။''
''သဘောတူပါရဲ့လား..ပါတနာတွေ
အားလုံးကတိတ်နေကြတဲ့အတွက် စိတ်မကောင်းတောင်ဖြစ်မိတယ်။''''မဟုတ်ရပါဘူး သူဌေးဝမ်..
အားလုံးက သဘောတူလက်ခံကြပါတယ်။
ဝမ်ရိပေါ်လေးနဲ့လည်း အားလုံးက တွေ့ချင်နေကြတာပါ။''''ကောင်းပြီလေ ဖန်ကျောက် မနက်ဖြန် သားငယ် ပြန်ရောက်တာနဲ့တွေ့ရမယ်။''
''ဟုတ်ကဲ့..သူဌေးဝမ်...''
နောက်နေ့မနက်ရောက်တော့ ကိုယ်ပိုင်လေယာဥ်နဲ့ ပေကျင်းမြို့ရဲ့ကိုယ်ပိုင်လေဆိပ်ကိုရောက်လာခဲ့တဲ့ ဝမ်ရိပေါ်။
ဖြူဥနေတဲ့အသားအရေ..မျက်ဝန်းတွေကို
ကွယ်ဝှက်ထားတဲ့ နေကာမျက်မှန်နဲ့ လိုက်ဖက်မှုရှိသား။အပြုံးအရယ်မရှိပဲ ရုပ်တည်ကြီးနဲ့ လေယာဥ်ပေါ်ကဆင်းလာတဲ့ ထိုကောင်လေးက ရုပ်လေးနဲ့မှမလိုက် ချေမိုးချက်က ကမ္ဘာမှာ
သူနဲ့ယှဥ်ပြိုင်ဖို့လူ မမွေးတာလား မရှိတာလားမေးယူရမဲ့အထိ။ဖြူဖြူဖွေးဖွေး လက်ချောင်းလေးတွေကအစ အပြစ်အနာအဆာမရှိ..
''သခင်လေး အိမ်ကိုမောင်းရမလား။''''Company ကိုမောင်း..''ခပ်သြသြအသံက
အာဏာအပြည့်အဝလွှမ်းမိုးနေပြန်တယ်။ရှောင်ကျန့်ကတော့ ထုံးစံအတိုင်း သူ့အဒေါ် ယွင်စီနဲ့ကပ်နေနေရတဲသူပါ။
သူ့ရဲ့အဒေါ်က သူဌေးကြီးအိမ်မှာ အိမ်အကူလုပ်တဲ့အလုပ်လုပ်ကိုင်ရသူ..ရှောင်ကျန့်ကို ကျောင်းထားရတာမလွယ်ကူလှ။

ВЫ ЧИТАЕТЕ
သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed)
Любовные романыအားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပါသည်။