💓(26)💓

2.5K 126 4
                                    

သာယာမှုတွေဆိုတာ ခံစားမှုတွေကတဆင့်ဖြစ်ပေါ်လာတဲ့စိတ်ဝိညာဥ်မျိုး။
အေးချမ်းသုခတွေနဲ့ ပြည့်စုံနေရင် ထိုလူသားဟာ လောကမှာကံကောင်းကြတယ်လို့ အများရဲ့ယုံကြည်ချက်ကထင်မြင်လိမ့်မယ်။
ဒါပေမဲ့ မိသားစုဘဝလေးပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့ထိုသူကတော့ အထီးကျန်ဆန်လာရုံကလွဲပြီး သူ့အနားဘာမှရှိမနေခဲ့...

''ငါ ဘယ်လိုနေမှ ဘဝက အဓိပ္ပါယ်ရှိမှာလည်း ဟောက်ရွှမ်း။''

''ရှားမေ့နဲ့ သူက ငါ့အနားမရှိကြတော့ဘူး။''

''ခေါင်းမာတဲ့ စိတ်ကိုလျှော့ချလိုက်ပါတော့
Boss..ခဏလောက်ဖြစ်ဖြစ် အနားယူလိုက်ပါလား။''

''ဟာဝိုင်အီကို သွားနေမလား ကျွန်တော်စီစဥ်ပေးပါ့မယ်။''

''ကောင်းပြီ..ခဏလောက်တော့ သွားနေချင်တယ်နောက်တော့ ငါပျော်သလောက်နေမယ် ဟောက်ရွှမ်း။ဒီကအလုပ်တွေကို မင်းပဲဦးစီးထားလိုက် ငါစိတ်ချမယ်နော်။''

''စိတ်ချပါ..Boss..''

.
.
.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှောင်းစံအိမ်တော်ကြီးမှာတော့ ပျော်ရွှင်နေကြတဲ့ မိသားစုလေးရှိလို့နေပြန်တယ်။
မနက်မိုးသောက်လို့ရောင်နီလာရင်ဖြင့်..
အိစက်နေတဲ့ ဖဲမွေ့ယာထက် နိုးထလာကြတဲ့ အဖေနှစ်ယောက်နဲ့ သမီးဖြစ်သူတို့...
ရှောင်ကျန့်ကအစောဆုံးနိုးတဲ့အတွက်
ဘေးကအိပ်ပျော်နေတဲ့ သမီးဖြစ်သူနဲ့ ရိပေါ်ဆီ အကြည့်ပို့မိတယ်။
ဝမ်ဝမ်လေးကိုဖက်ထားတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်ပြုံးမိသွားတယ်။
'သူ့သမီးကိုတော့ အတော်လေးချစ်ရှာသား
ကောက အမှန်တော့သိပ်ချစ်တတ်တဲ့သူဖြစ်ပါလိမ့်မယ်။'

ရှောင်ကျန့် ရိပေါ်ရဲ့ နဖူးပြင်လေးကို ငုံ့နမ်းလိုက်ပြီး သမီးဖြစ်သူကိုပါ အနမ်းခြွေပြီး
ရေချိုးခန်းထဲဝင်သွားခဲ့တယ်။

ရှောင်ကျန့် ရေချိုးခန်းထဲရောက်ပြီဆိုတော့မှ..
ရိပေါ် မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ပြီး ကျေနပ်ခြင်းအပြုံးတွေပြုံးကာ
ရင်ထဲအရမ်းကို ပျော်ရွှင်နေခဲ့ရှာတယ်။

ရှောင်ကျန့်က သူ့ကိုတကယ်ချစ်ခဲ့တာ..
သူ့အပေါ်လုံးဝမညိုငြင်တဲ့အပြင် သူ့ရဲ့အပြစ်တွေကိုလည်း ခွင့်လွှတ်ပေးခဲ့တယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ