မိုးစက်တွေက တဖြည်းဖြည်းနဲ့များလာတဲ့အတွက် ရှောင်ကျန့် ထိုလမ်းလေးဆီမှ အမြန်ရှောက်နေရတယ်...
မီးရောင်က ဝိုးတိုးဝါးတားလေးသာ အလင်းရှိတယ်။မီးတိုင်တိုင်းက မီးလုံးတွေမှာ အလင်းရောင်အကုန်မရကြပေ။
ပစ်ခွဲခံထားရတဲ့အတွက် နေရာကွက်ပြီးပဲ
အလင်းရခြင်းမျိုးဖြစ်သည်။ထင်မှတ်မထားပဲ သူ့ခေါင်းကို ခပ်မာမာအရာတစ်ခုနဲ့အရိုက်ခံလိုက်ရပြီး မေ့သွားတော့တယ်။
ရှားမေရီကတော့ ဟိုတယ်ကနေ ပြန်ပေးဆွဲခံလာရခြင်းပါ..သူမအိပ်ပျော်နေတုန်း
အခန်းထဲ ဝင်လာတဲ့လူတစ်ယောက်က သူမကို ဆေးထိုးပြီး ဖမ်းဆီးလာခြင်းမျိုးပါ။
နောက် အဲ့ဒီလူက သူမကို လူပြတ်တဲ့လမ်းဆီခေါ်လာပြီးတော့ ...စကားတချို့ပြောခိုင်းတယ်။
သူမက ဆေးအရှိန်ကြောင့် လူမှန်းသေချာမသိ သူမမအိပ်ခင် သူမချစ်သူဝမ်ရိပေါ်နဲ့ချိန်းဆိုထားခဲ့တယ်။ အချိန်စောသေး၍ သူမခဏတာ အိပ်မယ်ပြင်ကာမ ခုလိုပြန်ပေးဆွဲခံရခြင်းပါ။
ဝမ်ရိပေါ်က ရှားဆီကို လာတဲ့လမ်းမှာပါ.
လက်ထပ်လက်စွပ်နဲ့ နှင်းဆီနီနီပန်းတွေကို
အကျအနပြင်ဆင်လာတဲ့သူက..ဟော်တယ်ကိုရောက်တော့ သူမကိုမတွေ့..ဒါကြောင့်
ဖုန်းဆက်ပါလေရော.
ဝင်လာတဲ့ဖုန်းကြောင့် ဝမ်ချောင်ဖုန်းကိုင်လိုက်ပါတယ်။
''ရှား..မင်းဘယ်မှာလဲ.ကိုယ်ချိန်းထားတဲ့နေရာမှာရောက်နေပြီ။''
"ပါးစပ်ကို ပိတ်ထား..မင်းဟာမကို ငါနည်းနည်းလောက်ကစားကြည့်မလို့ CEO ဝမ်."
"မင်းဘယ်သူလဲ ရှားရော ရှားကိုမင်းဘယ်ကိုခေါ်သွားတာလည်း ငါ့ကိုပြော.".
''အဟက်..မင်းဟာမက ဆေးအရှိန်နဲ့အတော်လေး ကြွနေပြီကွ.ဟားဟားဟား
ငါကလည်း အနုအရွလေးကို စိတ်ကြိုက်
ပြုစုပေးမှာပါ ဘာမှမပူနဲ့ သိလား။''
"တောက်..အယုတ်တမာကောင်
မင်းဆီကို ငါရအောင်လာခဲ့မယ်ကွ စောင့်နေ ခွေးသား.".
''လာစမ်းပါ..ငါကလည်း ထိပ်တိုက်တွေ့ချင်တာနဲ့အတော်ပဲ..လိပ်စာပို့ပေးလိုက်မယ်
မင်းတစ်ယောက်တည်း လာခဲ့ ကြားလား။''
ВЫ ЧИТАЕТЕ
သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed)
Любовные романыအားရှန့် သတ်ပုံမှားနေတဲ့ကောရဲ့အတ္တတွေကိုပြင်ဆင်ခွင့်ပေးခဲ့လို့ ထာဝရအတွက်ကျေးဇူးတင်နေမှာပါ။🚫++အနည်းငယ် ပါဝင်ပါသည်။
