(41)final

3.5K 105 4
                                    

ချစ်ခြင်းတွေမှာ အဖြေရှာမရနိုင်တဲ့လျှို့ဝှက်ချက်တွေအပြည့်ပဲဆိုတာ သင်တို့ယုံနိုင်သလား။
လှပတဲ့နေ့ရက်တွေရှိခဲ့ဖူးသလို မှောင်မိုက်တဲ့ဆူးခင်းလမ်းတွေလည်း ရှိခဲ့ဖူးမှာပဲ။
လူတစ်ဦးတစ်ယောက်ကိုချစ်မိခဲ့ခြင်းကစပြီး ပြောင်းလဲခဲ့ရတဲ့ ကံကြမ္မာကို ပြုံးပြရုံလောက်သာ တတ်နိုင်တယ်။

မင်ထျန်နဲ့မင်ဝမ်လေးတို့ ရှောင်းအိမ်တော်ဆီပြန်ရောက်လာကြပေမဲ့...မပျော်နိုင်သူက မင်ထျန်ပါပဲ...

''ကော..ဘာဖြစ်လို့လဲ ဘာလို့ငိုနေရတာလဲ..''

မင်ထျန်မသိလိုက်ခင်မှာပဲ သူ့ရဲ့မျက်ရည်တွေက ခွင့်ပြုချက်မရခင် ကြိုပြီးကျနှင့်နေပြီလေ...

'ဟုတ်တယ်.. ကွမ်ယောင် လောကထဲမရှိတော့တဲ့အတွက် သူဝမ်းနည်းမိရုံပါ။'
ဒါကိုအလိုက်မသိတဲ့မျက်ဝန်းက သူ့ကို
လှောင်ပြောင်ခဲ့ပုံပဲ။

''ကွမ်ယောင် ဆုံးပြီတဲ့ ချောင်လျန်...''

''ကျွန်တော်သိတယ်ကော...စိတ်မကောင်းပါဘူးကောအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။''

''ထားလိုက်ပါ ချောင်လျန်..မင်ဝမ်လေးကိုဒီကိစ္စမသိစေနဲ့...သားစိတ်ထိခိုက်လိမ့်မယ်။''

''ပါးပါးရှောင် ညီမလေးခေါ်ပေးမယ်လို့ ဒယ်ဒီကွမ်က သားကိုကတိပေးထါးတယ်။
ဘယ်မှာလဲ မင်ဝမ်ရဲ့ညီမလေးက...''

ကွမ်ယောင် သူ့သားနဲ့အတူရှိနေတဲ့အချိန်မှာ မှတ်ဉာဏ်ကောင်းတဲ့သူ့သားကိုပြောပြခဲ့မိတဲ့ အကြောင်းအရာတွေကြောင့် ကလေးကစိတ်ထဲစွဲနေခဲ့ခြင်းမျိုး...
''မင်ဝမ် ပါးပါးက သားရဲ့အဖေပဲ။
သားရဲ့ပါးပါးရှောင်က ဒယ်ဒီကို စိတ်ဆိုးပြီး
မင်ဝမ်လေးကိုခေါ်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့တာ။ပါးပါးက သားကို ဒယ်ဒီနဲ့အဝေးကိုခေါ်သွားလို့ ဒယ်ဒီကွမ်က လိုက်ရှာနေရတာ။ပြီးတော့ သားအတွက် ညီမလေးတွေ
မွေးပေးမယ်လေ သားကညီမလေးမလိုချင်ဘူးလား။''

''ညီမလေးဆိုလိုချင်တယ် ဒယ်ဒီကွမ်..''

''ဒါဆို ပါးပါးရှောင်ကိုပေးမသိစေနဲ့
ဒယ်ဒီညီမလေး ခေါ်လာခဲ့ပေးမယ်။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Donde viven las historias. Descúbrelo ahora