💓(23)💓

2.9K 142 6
                                    

ကုတင်ပေါ်မှာ အိပ်စက်နေတဲ့ လူသားလေးကို ငေးကြည့်ရင်းရှောင်ကျန့်သူ့ကိုယ်သူဘာတွေဘယ်လိုလုပ်မိနေမှန်းမတွေးတတ်တော့ပေ။

သူကမုန်းနေပေမဲ့ သူ့ရဲ့နှလုံးသားက ထိုလူသားလေးထိခိုက်နာကျင်တာကို ခွင့်မပြုနိုင်ဘူး။
အခုလည်း သူ့ရဲ့စံအိမ်ကြီးထဲ ဒီလူသားလေးကို သူကိုယ်တိုင်ပဲခေါ်ဆောင်လာခဲ့မိတာမဟုတ်လား။

အမှန်တော့ သူ့ကိုယ်သူလိမ်ညာနေခဲ့တာဆိုပိုမှန်လိမ့်မယ်။
ချစ်မေတ္တာသံယောဇဥ်တွေအပြည့်အဝနဲ့
စွန့်လွှတ်မှုမလုပ်နိုင်တာမို့ အိမ်ထောင်ပင်မပြုခဲ့တာပဲကြည့်လေ။

အန္တာရယ်ရှိပါတယ်ဆိုတဲ့ကြားက သမီးလေးကို ရအောင်အားတင်းပြီး မွေးပေးခဲ့သေးတာ။

ခုဆိုရင် သမီးလေးက ၂နှစ်ပြည့်တော့မယ်
ဖြူဖြူလုံးလုံးလေးနဲ့ သူ့ဖခင်လိုပဲ ပါးဖောင်းဖောင်းလေးတွေပိုင်ဆိုင်ထားရှာတယ်။

ဒီအကြောင်းတွေကို ကောကို ကျန့်ကျန့်ပေးမသိချင်ပြန်ဘူး။သမီးကို ကျန့်ကျန့်ရင်ထဲက ဆွဲထုတ်သွားမှာစိုးရိမ်မိတယ်။

ရိပေါ်ရဲ့လက်တဖက်ကိုဆုပ်ကိုင်ရင်းကုတင်ဘေးမှာပဲ ခေတ္တအိပ်ပျော်သွားမိတယ်
သူမငိုနိုင်တော့ဘူးလေ ဒါကြောင့်..

ဆေးပိုက်ကကျနေတဲ့ ဆေးစက်သံတွေက
နားထဲကြားနေရပြီး အခန်းရဲ့တိတ်ဆိတ်မှုက တော်တော်ကိုချောက်ချားစရာကြီး..

ဒါပေမဲ့ရိပေါ်နိုးလာတော့ သူ့ရဲ့လက်ကိုဆုပ်ကိုင်ပြီး ကုတင်ပေါ်မေးတင်ကာ
အိပ်ပျော်နေတဲ့ ရှောင်ကျန့်ကိုမြင်ပြီး ရိပေါ်ပြုံးလိုက်မိပြန်တယ်။'ကိုယ်ဘယ်လိုလုပ်ပြီး
ရုန်းထွက်နိုင်ပါ့မလည်း အားရှန့်။'

''အားရှန့်လေး ကောကြောင့် ပင်ပန်းရပြန်ပြီ''

ရှောင်ကျန့်ရဲ့ ဆံနွယ်စလေးတွေကို လက်တဖက်နဲ့ သပ်တင်ပေးရင်း ဒီမျက်နှာနုနုလေးဆီအကြည့်ပို့မိပြန်ပြီလေ..လွမ်းနေခဲ့တာမဟုတ်လား။

မျက်နှာကအစိတ်အပိုင်းတခုချင်းစီကိုကြည့်ပြီးအလွမ်းဖြေနေမိပြန်တယ်။ဘဝမှာအမှားတွေက သင်ခန်းစာပေးခဲ့ပြီးပြီလေ နောက်ထပ်ဘယ်သောအခါမှ သူချစ်ရတဲ့ဒီလူသားလေးကို
နာကျင်အောင်မလုပ်မိဖို့ သူ့ကိုယ်သူဆုံးမနေမိတယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now