part 9

269 30 2
                                    

be the end
part 9

အမှောင်တွေကကျောချမ်းစရာကောင်းတယ်
ကြောက်ရွံ့မှုကိုပေးတယ်.. တစ်ချိန်ထဲမှာပဲ တိတ်ဆိတ်မှု ငြိမ်းချမ်းမှုနဲ့ အေးချမ်းခြင်းကိုပေးတယ်....
အမှောင်ကြောက်တဲ့ကျွန်တော် အမှောင်နဲ့ အနက်ရောင်တွေကို သဘောကြသွားရတဲ့အချက်ပေါ့...
အနက်ရောင်က ရှုပ်ထွေးမှု ကြီးမြတ်ခြင်း ဂုဏ်သရေနဲ့  အာဏာရှိခြင်းကို ရည်ညွှန်းတယ်...ကျွန်တော်သဘောအကြဆုံး ပေါ့....

သူရဲ့ အငြိုးတွေက သာမန်မဟုတ်တော့ ကျွန်တော် မဖျောင်းဖြနိုင်ဘူး...
အဲ့အတွက် သူလျှောက်မဲ့လမ်းမှာ သူမထိခိုက်ဖို့ ဘေးကနေ ပါရမီဖြည့်ပေးမယ်.....

နောက်ပိုင်း သူဇာတ်ကား​တွေကြည့်လာတယ် physico killer  တေချည်းပဲ...
ကျွန်တော်ပါ သူနဲ့ အတူလိုက်ကြည့်ခဲ့ရတယ်..
ကျွန်တော် သိလာခဲ့တာက သူလူသတ်ဖို့စိတ်ကူးရှိနေတယ်စိုတာကိုပဲ...
သွေးမစွန်းဖူးတဲ့ ကျွန်တော့်အဖို့ အရမ်းတုန်လှုပ်ခဲ့ရတယ်......

ဒါပေမဲ့ ကျွန်တော်သူ့ကိုကာကွယ်မှဖြစ်မှာ
ကျွန်တော်က တုန်လှုပ်နေ လို့မဖြစ်ဘူးလေ....ကျွန်တော်အရမ်းကြောက်တဲ့ အမှောင်ကို ပထမဆုံးရင်ဆိုင်ကြည့်တယ်...နေသားကြအာင်နေကြည့်တယ်... ခက်ခဲတယ် ဒါပေမဲ့ သူ့အတွက်စိုတဲ့ အသိက ပင်ပန်းမှုတွေကို ခြေဖျက်နိုင်ခဲ့တယ်...

အေးစက်စက် အနက်ရောင်အခန်းထဲမှာ
ကွန်ပျူတာပေါ်  တစ်တောက်တောက်နဲ့ အလုပ်ရှုပ်နေတဲ့ လက်သွယ်သွယ်ရှည်ရှည် တစ်စုံနဲ့ တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေ ဖတ်နေတဲ့ စူးရှတဲ့ မျက်ဝန်းတစ်စုံလည်း ရှိတယ်.....

ဟုတ်တာပေါ့ ကျွန်တော်ပါပဲ...
ဘာတွေရှာနေတာလဲစိုတော့...
စိတ်ရောဂါအေကြာင်း...
ကျွန်တော် ကူညီပေးခြင်တယ် သာမန်ဘဝနဲ့ ရှင်သန်စေချင်တယ်.... ဒါပေမဲ့ခု ကျွန်တော်သိလိုက်ရတာက....
ကျန့်ဟာ ငယ်ငယ်ကတည်းက ဒီရောဂါခံစားလာရတဲ့သူမို့လို့ ပျောက်ကင်းဖို့စိုတာ မဖြစ်နိုင်သလောက်ပဲ...

ဒါပေမဲ့ သူ့ကိုယ်သူအဲ့လိုမခံစားရအောင် ကျွန်တော်ထားမယ်... သူ့ကိုကာကွယ်မယ်..
အာ့လိုကာကွယ်ပေးနိုင်ဖို့ ကျွန်တော်မှာ
အာဏာရှိမှ ရမယ် အင်အားကြီးမှရမယ်...
အနှေးနဲ့အမြန်..စုံစမ်းမဲ့သူတွေရှိလာမှာပဲ...
အာ့တာတွေကြောင့် ကျွန်တော်နှစ်ဆ ပိုကြိုးစားခဲ့တယ်...

be the endWhere stories live. Discover now