part 24

244 18 2
                                    

be the end
part 24..

   ကြင်လင်နေတဲ့ရာသီဥတုက ချက်ခြင်းဆိုးရွားလာသလိုပဲ..... တစ်ဖျောက်ဖျောက်ကျလာတဲ့ မိုးရေစက်အချို့ရယ်.....မှိုင်းညို့နေတဲ့တိမ်တိုက်တွေရယ်.....
ပြတင်းပေါက်နားမှာဘယ်အချိန်ထိ ရပ်နေမိမယ်မသိ....
စိတ်အစုံက ခဲဆွဲထားသလိုလေးလံလို့....
ပင်လယ်ကကြာကြာမငြိမ်သက်ဘူး.....အဲ့လိုပဲ...ကျွန်တော်တို့ဘဝရဲ့ ကြည်နူးဖွယ်ရာ ငြိမ်သက်မှုက တိုတောင်းလွန်းတယ်....
ပြတင်းပေါက်ကနေဖြတ်လို့ ဝင်လာတဲ့ လေအေးအေးတွေနဲ့ မိုးရေစက်အချို့က ကျွန်တော့်ရင်ထဲကအပူကိုတော့ အနည်းငယ်တောင်မငြိမ်းအေးစေနိုင်ဘူး......
အတွေးတွေက ချစ်ရသူနဲ့အစပြုတဲ့အခါ ပါးနှစ်ဖက်မှာ ခပ်နွေးနွေးရေစီးကြောင်းတစ်ခုကနေရာယူတယ်......

အတ္တကြီးစွာနဲ့ပဲ....darling ရဲ့ရွေးချယ်မှုကကျွန်တော်ဖြစ်ဖို့မျှော်လင့်ပါရစေ....သဘောမတူကန့်ကွက်နေသူက darling ရဲ့မွေးသမိခင်ဖြစ်နေတော့ ခက်လေရဲ့....
အရင်လိုဖြေရှင်းဖို့ကမဖြစ်ဘူးလေ......

ဝမ်မားကကျွန်တော့်ကိုသားတစ်ယောက်လို ချစ်မှန်းတော့သိတာပေါ့...သူ့လက်မခံနိုင်ရတဲ့အကြောင်းအရင်းကို ကျွန်တော်ကသိနေတဲ့အခါ.....သူတို့သိထားတဲ့အမှန်တရားကို ကျွန်တော်လည်းသိနေကြောင်း သူတို့မသိခဲ့တာမျိုးပေါ့......

အမှန်တရားကဘာတဲ့လဲစိုတော့.....အမှန်တရားက darling ရဲ့ဒိုင်ယာရီမှာရှိတယ်....
darling ရဲ့ အနက်ရောင်ဒိုင်ယာရီလေး.....
မျက်ရည်ကြောင့်စာရွက်တွေတောင်အရောင်ပြောင်းနေလေရဲ့... ဒီစာတွေရေးနေတဲ့အချိန် ဘယ်လောက်ထိတောင်ဝမ်းနည်းခဲ့လို့များလဲ darling ရယ်...
မှင်နက်နဲ့ခပ်သော့သော့ရေးထားတဲ့စာလေးက

"" bunny ရဲ့ ပြုမှုပုံတွေနဲ့ စိတ်အခြေအနေအရ စိတ်ရောဂါဖြစ်နိုင်ချေ 85% ""'"
မဟုတ်ပါစေနဲ့ဆုတောင်းခဲ့ပေမဲ့ ကျွန်တော်ဆန္ဒတွေ မပြည့်ဝခဲ့ဘူး.... ဘယ်လောက်တောင် ပင်ပန်းခဲ့လို့ စိတ်ရောဂါအထိဖြစ်ရတာလဲ bunny ရယ်...
ဖြစ်နိုင်ရင် ကိုယ်သာခံစားလိုက်ချင်ပါရဲ့....
bunny ကိုယ်မင်းကို အလင်းဘက်ဆွဲခေါ်လို့မရရင်
ကိုယ်ပါ အမှောင်ထုထဲအတူတူလျှောက်လှမ်းမယ်....""

be the endWhere stories live. Discover now