be the end
part 15...ဒေါက်...ဒေါက်..
ဝင်ခဲ့ပါ....
ceo ဝမ်...
အော်..မေရီ ဘာကိစ္စများရှိလို့လဲ...
ကျွန်မက ဒီတစ်ခေါက် ပူးပေါင်းမှုအတွက်လာတာပါ....
နေ့လည်လည်းရောက်နေပြီဆိုတော့...နေ့လည်စာစားရင်းဆွေးနွေးကြမလား...အဝါရောင်ဝတ်စုံတိုကျပ်ကျပ်ကို ဝတ်ဆင်ထားတဲ့သူမက ချွဲချွဲနွဲ့နွဲ့ပြောတယ်...
အနားကိုတစ်လှမ်းချင်းလျှောက်လာကာ...
ပုခုံးပေါ်လက်တင်လိုက်တယ်....
.....
.....
ညကဒဏ်တွေကြောင့် တော်တော်ပင်ပန်းနေတာမို့လို့ darling က အိမ်မှာပဲနားခိုင်း
ခဲ့တယ်မနေနိုင်ကျွန်တော်ကပဲ ဆေးသောက် ကာ
အနီရောင် ဝတ်စုံတစ်စုံထုတ်ဝတ်လိုက်ပြီး..
ကားမောင်းလို့ ကုပ္မဏီကိုလိုက်လာလိုက်တယ်....အထဲရောက်လာတော့ ကောင်တာက ကောင်မလေးက မေးတယ်..ကြိုတင်ချိန်ထားလားတဲ့.....
ဟင့်အင်း...
အာ့စိုဝင်လို့မရပါဘာဘူး..တောင်းပန်ပါတယ်..
ညီမ ...အကိုက ceo ရဲ့ တရားဝင်ခင်ပွန်းပါ...
ရှင်...အကိုကလည်း..မဖြစ်နိုင်တာ...
ကျစ်...မင်းနာမည်ဘယ်သူလဲ....
ချွမ်းစီပါ....
အသစ်မလား...
ဟုတ်ပါတယ်...
နောက်တစ်ခါ...အားလုံးသေချာလေ့လာထားပါ...ငါအလုပ်မထုတ်ချင်ဘူး...
ပြောပြီး အပေါ်တက်သွားတဲ့ လူ...
ဟဲ့ချွမ်စီ ဘာဖြစ်နေတာလဲ...
အမ...ဟိုအကိုကလေ ceo ရဲ့ခင်ပွန်းတဲ့ဟုတ်တယ်လေ...
ရှင်...
နောက်တစ်ခါအမှားမလုပ်မိစေနဲ့.တော့ ဒီရုံးတစ်တစ်ခုလုံးကို သူပဲစီမံတာ...ceo က သူ့ခင်ပွန်းစကားတစ်ခွန်းပဲ....
.....
ဘယ်လိုမိန်းကလေးတွေပါလိမ့်...အခန်းတံခါးကိုခေါက်မနေတော့ပဲ..ဝင်လာလိုက်တော့..
ခုံမှာ ထိုင်နေတဲ့ darling...
ဘေးမှာ အဝါရောင်နဲ့မိန်းမ..
ပုခုံးကိုကိုင်ပြီးဘာတွေပြောနေမှန်းမသိဘူး..
darling ကတော့စိတ်ရှုပ်နေဟန်....