part 8

304 31 5
                                    

be the end
part 8..
hotel ထဲရောက်တော့ .....
bunny အပေါ်ဆုံးထပ်ကိုတက်သွားလိုက်...
ကိုယ်မှာထားတာလေးရှိလို့သွားယူလိုက်အုံးမယ်....

အင်း...darling ကျန့်ကျန့်တက်နှင့်မယ်...

ဓာတ်လှေကားနေတက်လာလိုက်ပြီး...
အပေါ်ဆုံးထပ်​ရောက်တော့...
ဓာတ်လှေကားပွင့်ပွင့်သွားခြင်း မြင်လိုက်ရတာက.... အနီအနက်ကို အဓိကသုံးထားတဲ့
ကြိုးနဲ့တိုင်တွေ တိုင်တွေအပေါ်ကနေဆက်ထားတဲ့ ကြိုးလေးတွေကနေ အနီနဲ့အနက်နှစ်ပင်လိမ်ထားတဲ့ ကြိုးလေးတွေက တွဲလောင်းကြနေတယ်..အဲ့ကြိုးလေးတွေမှာ သူတို့နှစ်ယောက်ပုံလေးတွေ ချိတ်စွဲထားတယ်...
တိုင်တွေကို ကျူးလစ်ပန်းနီနီတွေနဲ့ အလှဆင်ထားတယ်...အနီနဲ့ အနက်ရောင် ဇာပါးတွေက လေနှင်ရာ တစ်လွင့်လွင့်နဲ့ ...အနီရောင်နှင်းဆီပွင့်ချပ်တွေက ကတ္တီပါ အနက် ရောင်ပေါ်မှာ အပြည့် ...အလယ်တည့်တည့်မှာချထားတဲ့
စားပွဲပေါ်မှာ အနီနဲ့အနက်ရောင် ဇာပါးတွေခင်းထားပီး ဖယောင်းတိုင်မီးလေးထွန်းထားတယ်...အရောင်နှစ်ရောင်နဲ့ ပန်းနှစ်မျိုးသာသုံးထားတဲ့ ဒီနေရာလေးက ညအမှောင်အောက်မှာ တစ်ဖျက်ဖျက်လက်နေတဲ့ မီးလုံးလေးတွေနဲ့ အမိုးအကာအရံ မရှိတဲ့ အပေါ်ဆုံးထပ်မှာ လေလေးတဖြူးဖြူးနဲ့ သိပ်လှလွန်းတယ်.....

ဓာတ်လှေကားပွင့်သွားပီး ထပ်ထွက်လာတဲ့သူက ....

happy 3 year anniversary ပါ bunny...

အနီရောင်နှင်းဆီပန်းစည်းနဲ့...လျောက်လှမ်းလာတဲ့ darling ..

bunny....
ရော့...ဒါbunny အတွက်...52ပွင့်ပါတယ်...
သူ့အဓိပ္ပါယ်က အမှတ်မဲ့တွေ့ဆုံမှုမှ ထာဝရရှင်သန်သည့် အချစ်တဲ့...

ကျေးဇူးပါ daling ကျန့်ကျန့်အတွက်ခုလိုလုပ်ပေးလို့...

ကိုယ်လုပ်ပေးထားတဲ့ အပြင်အဆင်ကြိုက်ရဲ့လား..bunny...

tulipအနီရောင်လေးတွေက ပြီးပြည့်စုံတဲ့အချစ်တဲ့.. bunny လည်းကြိုက်တယ်မလား..

အင်း...darling ငါအရမ်းကြိုက်တာပဲ...

tulip🖤🖤



ရုတ်တရက် သူ့ရှေ့ဒူးထောက်လို့ ...

bunny...သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့်ရှင်သန်တယ်...ကိုယ်က bunny ကြောင့်ရှင်သန်တယ်..bunny သာမရှိရင် ကိုယ် ဆိုတာ အသက်မရှိတဲ့ စက္ကူရုပ်သာသာပဲ...bunny ကကိုယ့်ရဲ့ မရှိမဖြစ်..bunny သာမရှိရင် မရပ်နိုင်တော့တာ မို့လို့..ဒီလူသားကို
ငဲ့ငြှာသောအားဖြင့်..မင်းလက်ကိုတွဲလို့ သက်ဆုံးတိုင်အနားမှာနေခွင့်ပြုပါ...
ကိုယ့်ကို လက်ထပ်နိုင်မလား....bunny

be the endWhere stories live. Discover now