be the end🖤
part 20....နတ်ဆိုးအငွေ့အသက်တွေနဲ့လွှမ်းခြုံနေတဲ့ အခန်းငယ်ထဲမှာ....ခုံပေါ်ထိုင်နေတဲ့လူသားပေါ်ကိုခွထိုင်လို့ နှုတ်ခမ်းသားတွေကို မက်မက်မော နမ်းရှိုက်နေတဲ့ သူတို့ဟာ...အခန်းထဲက မညီညာမသပ်ရပ်စွာ ခုတ်ပိုင်းခံထားရတဲ့ အသားစနဲ့ သွေးတွေကို မေ့ထားသည့်အလား...
အနမ်းမှာတင်ရစ်မူးပျော်ဝင်လျှက်....အတန်ကြာအောင်နမ်းရှိုက်ပြီးတဲ့နောက်....
darling....အိမ်ပြန်ပြီးနားလိုက်အုံး..ဒဏ်ရာကြီးနဲ့လေ...
ကျန့်ကျန့် ကုမ္ပဏီခဏသွား လိုက်အုံးမယ်...အင်း. အာ့စို ကိုယ်အိမ်ပြန်လိုက်အုံးမယ်...
အွန်း...ကောင်းကောင်းနားနော် darling...ကျန့်ကျန့်အစောပြန်လာမယ်...ဆေးလည်းသောက်အုံး....
အင်းပါ....မွ...ကိုယ့်ရဲ့ bunnyလေးချစ်တယ်..
ဟုတ်ကျန့်ကျန့်လည်းချစ်တယ် darling မွ...
ခဏနေမှ ကားပေါ်တက်လို့ ကုမ္ပဏီဆီဦးတည်လိုက်တယ်...
ရုံးခန်းထဲမှာထိုင်ရင်း...အပြင်ဖက်ဆီငေးကြည့်မိတော့..
မထင်မှတ်ပဲ အတိတ်ကအကြောင်းအရာတွေဝင်လာတယ်...ကျောင်းမှာစာတော်လို့ အဆင့်၁ရတာတောင် လက်မှတ်ထိုးခိုင်းဖို့သွားခဲ့ရင် မွေစားအဖေဆီက အအော်ခံရတာတွေ...တစ်ခါရန်ဖြစ်လိုက်လို့ မြေအောက်ခန်းမှာ ၅ရက်တိတိ အပိတ်ခံထားရတာတွေ...အဲ့တုန်းက ရေကလွဲလို့တစ်ခြားဟာမသောက်ခဲ့ရဘူး...
ပါးကမူးပြီးပြန်လာရင် ခါးပတ်နဲ့ ချွတ်အရိုက်ခံရတယ်...
မားက လောင်းကစားရှုံးလာရင် ရိုက်တက်တယ်...
တစ်ခါက လက်က လက်စွတ်ချွတ်မပေးလို့ဆိုပြီး
ပါးရိုက်ခံရတယ် အဲ့တာတင်မကဘူး ပါးကပြန်လာတော့ ထပ်ထိုးသေးတယ်... အဲ့နေ့က တစ်ညလုံး မြေအောက်ခန်းမှောင်မှောင်ခမဲကြီးထဲမှာ ကုန်ခံရတာ.....
ဆယ်ကျော်သက်အရွယ်မှာ သူ့မိဘအရင်းတွေမဟုတ်ဘူးစိုတာသိလိုက်ရတော့ အကြီးအကျယ်ပြိုလဲခဲ့ရတယ်...
ဒါ့အပြင် ခုမွေးစားမိဘတွေက သူ့မိဘတွေကိုလုပ်ကြံခဲ့တာတဲ့... ကံကောင်းခြင်တော့ ကျွန်တော်ကိုအမွေတွေအကုန်လွှဲထားပြီးသားတဲ့ ၁၈ပြည့်ရင်လက်လွှဲယူရမယ်တဲ့.. မတော်တဆ ကျွန်တော်တစ်ခုခုဖြစ်သွားရင် မိဘမဲ့ကျောင်းကို အကုန်လှူဖို့စီစဉ်ပြီးသားတဲ့....