be the end
part 11နေရောင်နုနုက မှန်တံခါးကိုဖြတ်လို့ မျက်နှာပေါ် လာထိတွေ့တော့ အလိုမကြဟန် တွန်ချိုးသွားတဲ့ မျက်ခုံးလေးတွေ...
တစ်ဖက်ထည်းဖိအိပ်ထားလို့စူထွက်နေတဲ့နှုတ်ခမ်းရဲရဲလေးရယ်....
နှာခေါင်းလှလှလေးရယ်...
နုဖူးပေါ်ဝဲကြနေတဲ့ အညိုရောင် ဆံနွယ်တွေရယ်....ဒီလောက်လှတဲ့ လူသားလေးက
အနက်ရောင်စောင်တွေကြားမှာ မြုပ်လို့...သူ့ကိုလာထိတွေ့တဲ့ နေရောင်ခြည်ကိုတောင် မနာလိုစွာ...လိုက်ကာကိုဆွဲပိတ်လိုက်မိတယ်...
အချစ်....bunny ရေ...
ထတော့...ကိုယ်မနက်စာ ပြင်ထားတယ်..
ဒီနေ့ shopping ထွက်မယ်စို...အင်း...
ပါးလေးကို ငုံ့နမ်းလို့ ....
ထတော့လို့ bunny....အင်း...ထပီ....
ချီအုံး..darling....ဟုပါပီဗျာ...
ပွေ့ချီပြီးရေချိုးခန်းထဲပို့ပေးလိုက်တယ်...
မျက်နှာသစ်ပေးပီးတာတောင် အိပ်ရေးမဝသေးဟန်...ပုခုံးပေါ်မှောက်ကာ ခြေနှစ်ဖက်ကို ခါးမှာ ခွထားပြီး လိုက်လာသေးတဲ့သူ...ဒီနေ့ ကျွန်တော့်အိမ်မှာ လိုက်အိပ်တာလေ..
..မားအဖမ်းခံရတာတော့သူမသိသေးဘူး....
ဒီနေ့တစ်နေ့လုံးကို...bunnyနဲ့အချိန်ဖြုန်းပေးဖို့ စီစဉ်ထားတယ်....မနက်စာစားပြီးတော့ ရေချိုး အဝတ်လဲကာ...
သွားဖို့ ပြင်ဆင်ရသည်...သိပ်မကြာခင်ပဲ...ခြံတခါးလေးပွင့်လို့...
အနက်ရောင် ကားလေးတစ်စီးက လမ်းမထက် ငြိမ်ငြိမ့်လေးမောင်းနှင်လို့...မြို့အလည်ပိုင်းမှာဖွင့်ထားတဲ့ yizhan ဆိုတဲ့
mallလေး အင်း shopping mall ကြီးပေါ့
မြို့မှာ အကြီးဆုံးပဲလေ...
ပိုင်ရှင်ကတော့ ကျွန်တော်နဲ့ bunny...mallထဲရောက်တာနဲ့...
bunny လက်ကလေးကို ကိုင်လို့ တစ်လှမ်းခြင်း...bunny နဲ့လက်တွဲထားတဲ့အချိန်စိုရင် ကျွန်တော်ဘကမ္ဘာကြီး တစ်ခုလုံးအပိုင်ရထားသလိုပဲ....mall ထဲမှာ all black နဲ့ ကောင်လေးတျောက်ရယ် all red နဲ့ကောင်လေးတျောက်ရယ် က လက်ချင်းတွဲလို့ လျှောက်နေတယ်...
တွေ့တဲ့လူတေကတော့သေချာပေါက်သိမှာမဟုတ်ဘူး.... အနီပဲဝတ်လေ့ရှိတဲ့ လူနဲ့ အနက်ပဲဝတ်လေ့ရှိတဲ့လူ မျက်နှာဖော်မပြပဲ စီးပွားရေးလုပ်ငန်းမှာ မင်းမူထားတဲ့ divel နှစ်ယောက်....