အိမ်ကြီးသခင်(၁၃)Uni

210 23 0
                                    

မီးပုံရှေ့မှာ မျက်မှာလေးစူပုတ်ကာထိုင်နေသော ကောင်မလေးအား အတော်ကြာထိုင်ကြည့်နေသော်လည်း စကားပြောဖို့မဝံ့ရဲသေး။ ရေခြောက်စပြုနေသည့်ဆံနွယ်လေးတွေကို ခေါင်းဘီးနှင့်ဖြီးရင်း စနေ့ကိုလဲ တခါတခါမျက်စောင်းထိုးလို့နေသည်။ အတော်စိတ်ဆိုးနေပုံရသည်။ ဟုတ်တော့လည်းဟုတ်သား ရေမကူးတတ်တဲ့လူကို ပင်လယ်ထဲ ခုန်ဆင်းခိုင်းလိုက်တာကိုး။
မိတ်ကပ်မလိမ်းထားသည့် သဘာဝအတိုင်းလှနေသည့်မျက်နှာလေးက ဘယ်အချိန်ကြည့်ကြည့်လှနေတာပဲ။ ရွှေဝါရောင်အသားအရေ ၊ မထူလွန်းမပါးလွန်းသော စင်ရော်တောင်မျက်ခုံးသွယ်များ၊ နှင်းဆီသွေးရောင်လွှမ်းနေသည့် နှုတ်ခမ်းပါးလေးများက စနေ့အာရုံထဲတွင် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားသည့် ပန်းချီကားတစ်ချပ်ပမာ။ ကမ်းခြေမှာ လေအတော်တိုက်နေသဖြင့် ပုဝါပါးဖြင့် စည်းနှောင်ဖို့ကြိုးစားနေသောဆံနွယ်တို့နှင့် လုံးချာလည်လိုက်နေသည်။ စိတ်မရှည်ဟန်ဖြင့် အောက်နှုတ်ခမ်းလေးကို ကိုက်ကာ…တောက်တချက်ခေါက်လိုက်သည်။ စနေ သူမကို ကူညီဖို့ဆုံးဖြတ်လိုက်သည်…မဟုတ်ရင် ဒီကောင်မလေးစိတ်တိုစရာတွေနှင့်ကြုံလို့ ပင်လယ်ကမ်းခြေအလှပင် ဆိတ်သုန်းသွားနိုင်သည်။

“ကိုယ် စည်းပေးမယ်”

“နေပါ မလုပ်နဲ့ တော်ကြာ ပုဝါနဲ့ကျွန်မလည်ပင်းညှစ်သတ်နေဦးမှာလား”

“မင်းကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား”

“ပြောပါဦး ဘာလို့ကျွန်မကစိတ်မဆိုးရမှာလဲ လူကိုပြန်ပေးဆွဲတယ် မြွေဆိုးတွေရှိတဲ့ကျွန်းကိုခေါ်လာတယ် ပင်လယ်ထဲတွန်းချတယ် မဟုတ်ရင်ကျွန်မက ရှင့်ကိုကျေးဇူးတင်နေရဦးမှာလား”

“အိုခေ ဟုတ်ပါပြီ …ဒါပေမဲ့ ကိုယ်တို့ပင်လယ်ထဲကိုခုန်မချရင် မြွေတွေကြောင့် တခုခုဖြစ်မှာလေ ”

“ရေနစ်လို့လဲသေသွားနိုင်တယ်ရှင့် ”

“အခုမသေဘူးလေ ”

“အား …စိတ်တိုလာပြီ မပြောနဲ့ ရှင်ဘာမှမပြောနဲ့ ”

စနေ့ကို အားကုန်အော်ဟစ်လို့လည်းပြီးရော ဆံပင်စည်းနှောင်သည့်လုပ်ငန်းလည်းပြီးသွားပြီ။ စိတ်တိုနေသည့် ပုံသဏ္ဌာန်ကတော့ မပြေပျောက်သေး။ ထိုင်နေရာမှထကာ ကမ်းခြေအမှောင်ထဲသို့ ထွက်သွားသဖြင့်တားရသေးသည်။

A Gypsy's Palace(Normal)Onde histórias criam vida. Descubra agora