“အဟမ်း …ဟိုလေ ပြောစရာရှိတယ်”
စနေ စာအုပ်ကို လက်ကမချသေးဘဲ အသံလာရာ နောက်ကျောဖက်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူ့ရဲ့ ဓားစာခံ သို့မဟုတ် ဘာကိုမှအကြောက်အလန့်မရှိသော ထိုကောင်မလေး။ အဖြူရောင် ဂါဝန်ရှည်က ပျောင်းသွဲ့သော ကိုယ်ခန္ဓာအချိုးအစားနှင့်လိုက်ဖက်လွန်းလှသဖြင့် စနေ ကိုယ့်ကိုကိုယ်ချီးကျူးမိသည်။ တပည့်တစ်ယောက်ကို အဝတ်အစားဝယ်ပေးဖို့လွှတ်လိုက်စဥ်က သူကိုယ်တိုင် သေချာအသေးစိတ်ပြောပြလိုက်သည်။ ဒီလိုဂါဝန်လှလှလေးတွေကို ကြိုက်နှစ်သက်မှန်း သူသိပါသည်။ ဟို အဝေးကနေ ခိုးကြောင်ခိုးဝှက်ကြည့်စဥ်တုန်းကပေါ့။
“ဘာကိစ္စလဲ ”
စနေ ပြန်ဖြေလိုက်တော့ သူ့ပုံစံအတိုင်း သွက်သွက်လေး လှမ်းလာကာ ကလေးတစ်ယောက်လို ပူဆာတော့သည်။
“ရှင် ကျွန်မကို ဒီကျွန်းပေါ်လိုက်မပို့ချင်ဘူးလား”
“မပို့ချင်ဘူး”
“ဟင် …အဲ့လိုမလုပ်ပါနဲ့ ကျွန်မပျင်းလို့ပါ လေးငါးရက်လောက်ရှိပြီလေ အိမ်ကြီးထဲမှာပဲ နေရတာ ကျွန်မထွက်မပြေးပါဘူး ကတိပေးတယ် ”
“မင်းကိုယ်မင်းများ အပန်းဖြေခရီးထွက်လာတယ်ထင်နေသလားဟင် ကိုယ်မင်းကို ပြန်ပေးဆွဲလာတာ သဘောပေါက်ရဲ့လားဒေါ်ဆူးရစ်သွယ်”
“မပို့ချင်လဲနေပေါ့ …ဒါနဲ့မေးရဦးမယ် ကျွန်မနာမည်ကို ဘယ်လိုစုံစမ်းလို့ရတာလဲဟင် ”
“ပြောပြီးပါကော ဟောဒီပင်လယ်ထဲမှာ အပ်ကျတာကအစ ကိုယ်သိတယ်လို့ ”
“အပိုတွေ …တကယ်လည်းမသိဘဲနဲ့”
“မင်း ဘာပြောတယ်”
“ဟုတ်တယ်လေ ရှင်အကုန်သိတယ်ဆိုရင် ကျွန်မကိုဘာလို့ ဦးသန့်ရှင်းနိုင်က စလင်းပြာစံအိမ်ကို ပေးခဲ့ရတာလဲ ပြီးတော့ …”
“ပြီးတော့ ဘာဖြစ်လဲ”
“စလင်းပြာစံအိမ်နဲ့ မြပြာကျွန်းက ဘာလို့ဒီလောက်တောင်ရှုပ်ထွေးနေရတာလဲဟင် သချိုင်းမြေကရော ဘာလို့ကျွန်းပေါ်မှာရှိနေရတာလဲ ”
YOU ARE READING
A Gypsy's Palace(Normal)
General Fictionမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်