လွန်ခဲ့သောဆယ်နှစ်...
ထိုင်းနိုင်ငံဘန်ကောက်မြို့တော်...
ထိစူရာဝတ်ပြည်နယ်အလုပ်သမားဆေးရုံ၊အရေးပေါ်ဌာန။
ရှုပ်ယှက်ခတ်နေသော ဆေးရုံဧည့်ကြိုဌာနမှ ဖြတ်လျှောက်လာပြီး ဝင်ထွက်သွားလာနေကျ အခန်းထဲသို့ ခပ်တည်တည်ဝင်လာခဲ့သည်။ ထူးခြားနေပါလား ဆရာဝန်နားနေခန်းမှာ တစ်ယောက်မှမရှိ။ အရင်ကဆို ဂျူတီချိန်ပြီးရင် အဆောင်မပြန်ဘဲ စာကျက်နေတတ်သည့် ဆရာဝန်မမလည်းမရှိ။ "မားမား"လို့ခေါ်ရင် အလွန်သဘောကျတတ်သည့် မြန်မာလူမျိုးဆရာဝန်မကြီး ရဲ့အရိပ်အယောင်လည်းမတွေ့ရ။ သူတို့အားလုံး အလုပ်ရှုပ်နေတာကို သဘောမကျပေမဲ့ အားလုံးအဆင်ပြေဖို့သာ မျှော်လင့်ရသည်။
အခန်းထောင့်မှ အမေ့ရဲ့သတ်မှတ်နေရာဖြစ်သည့် ခုံမှာထိုင်လိုက်ပြီး စားပွဲပေါ်က စာကြည့်မီးအိမ်လေးကို ဖွင့်လိုက်သည်။ ဒီနေ့ညလည်း ထုံးစံအတိုင်းအမေ့ကို စောင့်ရင်း ညဦးပိုင်းတွေကို တစ်ယောက်တည်း ကုန်လွန်ရဦးမှာပဲ။ ကျောင်းပြောင်းလာပြီးနောက် အခက်ခဲဆုံးက ဘာသာစကားပင်။ ကျောင်းစာတွေအကုန်လိုက်နိုင်ပါလျက်နဲ့ ဘာသာစကားမပေါက်လို့ စိတ်ဓာတ်တောင်ကျချင်လာပြီ။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလည်း ဒီနေရာမှာ ဘယ်အချိန်ထိနေရမှာလည်းဆိုတာ သေချာမပြောနိုင်တာမို့ ထိုင်းဘာသာစကားကို အတတ်နိုင်ဆုံး ကျွမ်းကျင်အောင်သင်ယူရမည်။
စာကြည့်နေတာ ဘယ်လောက်ကြာသွားလဲမသိ ဖုန်းသံတိုးတိုးကြားမှ အသိဝင်လာသည်။ ဖုန်းနံပါတ်က ရင်းနှီးနေသော ဖုန်းတစ်ခု။ +၉၅ဆိုတော့ မြန်မာပြည်ကပေါ့။ အဖေလား...ဒါမှမဟုတ် သူမစကားမပြောချင်သော အဒေါ်တွေလား။
"ဟလို မီးငယ်လား"
"ဟုတ်တယ် ဒယ်ဒီ ...နေကောင်းလားဟင် ...ညစာရော စားပြီးပြီလား"
"ကောင်းပါတယ် ဒယ်ဒီညစာကတော့ ဒင်နာပွဲတစ်ခုရှိလို့ အပြင်မှာပဲ စားလိုက်တယ် ...မီးငယ်ရော"
အဖေမေးမှ သတိရသည် ညနေကျောင်းဆင်းတုန်းက စားခဲ့သည့် ငှက်ပျောခနုံထုပ်လေးများမှလွဲ၍ အခုထိ ဘာမှမစားရသေး။
"မုန့်တော့ စားပြီးပါပြီ..."
"အခုဘယ်မှာလဲ မီးငယ် "
ESTÁS LEYENDO
A Gypsy's Palace(Normal)
Ficción Generalမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်
