အိမ်ကြီးသခင်(၁၉)Uni

162 13 0
                                    

“ခင်ဗျား ဘာဖြစ်ချင်တာလဲ
ဦးသန့်ရှင်းနိုင်”

ပင်လယ်ကမ်းစပ်တနေရာမှာ လူနှစ်ယောက် မျက်နှာချင်းဆိုင်နေပေမယ့် သူတို့ရဲ့ စိတ်တွေကတော့ ဟိုးအတိတ်တချိန်သို့ ပြန့်လွင့်နေသည်။

“မတွေ့ရတာ လပိုင်းပဲရှိသေးတယ်
မင်းငါ့ကို မုန်းတာကတော့ အရင်အတိုင်းပဲ စနေ ”

“အော် သူများမိသားစုကို ဖြိုခွဲထားပြီးတော့ အချိန်တွေကြာလာရင် ခွင့်လွှတ်ပေးရမယ်လို့ ထင်နေသလား ”

“ငါ မင်းကို တကယ်မသိဘူး စနေ မင်းနဲ့ငါ ဘယ်လို ရန်ငြိုးတွေများရှိခဲ့လို့ မင်းငါ့ကို လိုက်တိုက်ခိုက်နေရတာလဲ ”

သန့်ရှင်းနိုင် ဒီမေးခွန်းကို မေးချင်နေတာ ကြာလှပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ခန့် သူ မြန်မာပြည်ကို ပြောင်းလာကတည်းက၊ စလင်းပြာစံအိမ်ကို တည်ဆောက်ခဲ့ချိန်ကတည်းက စနေဆိုတဲ့ ကောင်လေးနဲ့ ပြဿနာ တက်ပြီးရင်း တက်ခဲ့ရသည်။ ဘယ်ကိစ္စကနေ စမှန်းမသိပေမယ့် သူတို့ ဆက်ဆံရေးက လူသိရှင်ကြားပင် မကောင်းခဲ့။ ပုလဲမွေးမြူရေး၊ ငါးလုပ်ငန်း စသဖြင့် မြိတ်ကျွန်းစုဖက်က မော်ကင်းတွေနှင့် အလုပ်လုပ်ကိုင်ရတာ အဆင်ပြေပေမယ့် သန့်ရှင်းနိုင်ကို နှောင့်ယှက်နေတာက စနေဆိုတဲ့ ကောင်လေးပင်။ အပြန်အလှန်အနေနဲ့ သန့်ရှင်းနိုင်ကလည်း ဒီကောင်လေးကို အလွတ်မပေးခဲ့သလို ပြဿနာ အရင်းအမြစ်ကိုလည်း ရှာမကြည့်ခဲ့။

သန့်ရှင်းနိုင်ရဲ့ အတိတ်က ခြောက်ပြစ်ကင်းနေတာ မဟုတ်သည့်တိုင် စနေ ဆိုသည့်ကောင်လေးနှင့်ပတ်သတ်လို့တော့ ဘာမှ အဖြေရှာမရ။

“”ခင်ဗျားလက်က ပုလဲ လက်စွပ်က ခင်ဗျားအပိုင်လား

မဟူရာရောင် ပုလဲလက်စွပ်ကို ကြည့်ရင်းမေးလာသည့် ကောင်လေး။ မဟုတ်မှလွဲရော .....

“မင်း ဘာလို့ ဒီလက်စွပ်အကြောင်းပြောနေရတာလဲ”

“လက်စွပ်ပိုင်ရှင်က ခင်ဗျားကို ခွင့်လွှတ်မယ်လို့ထင်သလား”

“ဒီလက်စွပ်ပိုင်ရှင်နဲ့ သိလို့လား
ပြောကြည့်ပါဦး မင်းနဲ့သူက ဘယ်လိုပတ်သတ်လဲလို့ ကြားဖူးနားဝဇာတ်လမ်းတွေနဲ့ ငါ့ကို လာမလှည့်စားနဲ့ ကောင်လေး ”

A Gypsy's Palace(Normal)Where stories live. Discover now