အိမ်ကြီးသခင်(၂၀)Uni

571 18 6
                                    

မေလဆန်းမို့ မြိတ်ကျွန်းစုရပ်ဝန်းမှာ နေရောင်က စူးရှစွာတောက်ပနေသည်။ သဲပြင်၏ပူနွေးနွေးအထိအတွေ့ကို ဖိနပ်စီးထားသည့်တိုင် ခံစားမိနေဆဲ။ မကြာခင် မုတ်သုတ်အကြိုဝင်တော့မှာမို့ ကျွန်းပေါ်ကမော်ကင်းတွေ အလုပ်ရှုပ်နေကြသည်။ အုန်းပင်နှင့် ကြက်ပေါင်ပင်များအရိပ်အောက်တွင် သုံးလေးယောက်စုကာ ဆဘန်းလှေကို ပြင်ဆင်နေကြသည်။ ပွဲလျက်လို့ခေါ်တဲ့ သဘာဝကော်စေးတမျိုးကို မီးမြှိုက်ကာ လှေရှိ အပေါက်ငယ်လေးများကို ဖာထေးနေသည်။ ထို ပွဲလျက်ကို မီးရှို့လို့ထွက်လာသည့် ရနံ့က နှာခေါင်းထဲ တိုးဝင်လာသည်မို့ သူထိုနေရာမှ ခပ်သွက်သွက်လျှောက်လာသည်။ ကျွန်းပေါ်မှာ နေလာတာကြာပြီ ဒီလိုအနံ့တွေကို သိပ်မယဥ်ပါးသေး။ 

“အယ် လူလေး ရောက်လာပြီလား အမန်းစားသွားမယ်မလား”

“ဟုတ်ကဲ့ ကြီးကြီး သူဌေးရှိတယ်မလား”

“ရှိပါ့တော်”

ဘန်ဂလိုဖြူဖြူပုပုလေး ရှေ့ရောက်တော့ သူ ချက်ချင်းဝင်မသွားရဲသေး။ အကြောင်းက အထဲမှ ပြန့်လွင့်လာသည့် စကားသံတွေကြောင့်။ ပါးပါးမရှိတော့တဲ့နောက် ကိုစနေက ပါးပါးပေးခဲ့သည့် ပိုင်ဆိုင်မှုတွေကို မိုးသောက်ကို ပြန်လွှဲပေးသည်။ တချို့ကို ပါးပါးအတွက် အလှူအတန်းလုပ်ပေးပေမယ့် ထိုအထဲက သူမကျွမ်းကျင်သေးသည့် ရေလုပ်ငန်းနှင့် ပုလဲလုပ်ငန်းကို ကိုစနေကပဲ  ဦးဆောင်ပြီးလုပ်ကိုင်ပေးသည်။ ပါးပါးက မဆူးရစ်သွယ်ကို စံအိမ်နှင့် မြပြာကျွန်းကို ကို ပေးခဲ့သည် ။သို့သော်  ကျွန်းပေါ်ရှိ စံအိမ်နေရာလေးပဲချန်ကာ ကျန်နေရာများကို မော်ကင်းလူမျိုးများကို နေထိုင်ခွင့်ပြုခဲ့သည်။ သူတို့သုံးယောက်ကတော့ အရမ်းကို ချစ်ခင်ကြသည့် မောင်နှမတတွေလိုဖြစ်လာကြသည်။

“ဟင် အလုပ်ကို ဘယ်လိုလုပ်နေတာလဲ ဘာမှ သောက်သုံးကို မကျဘူး ”

“တောင်းပန်ပါတယ် သူဌေး ကျွန်တော်ပြန်ပြင်လိုက်ပါ့မယ်”

“သွား အကုန်လုံးထွက်သွားတော့ အားလုံး လိုက်ပြောနေရတာ ဟုတ်ကို မဟုတ်တော့ဘူး ”

A Gypsy's Palace(Normal)Donde viven las historias. Descúbrelo ahora