အိမ်ကြီးသခင်(၈)Uni

209 22 3
                                    

ယုံနိုင်စရာအကြောင်းရှိပါ့မလား။ မြပြာကျွန်းဆိုတာ ဟိုတချိန်ကမော်ကင်းတွေရဲ့ ငြိမ်းအေးစွာနားခိုရာ ဂူဗိမာန်တဲ့။  ဒီနေရာက ဒီလိုဆို သာမာန်အိမ်ခြံမြေတွေလို့ နေလို့ကောင်းတဲ့နေရာမှဟုတ်ပါလေစ။

“ရှင်ဘာတွေများလုပ်ခဲ့တာလဲ
ဦးသန့်ရှင်းနိုင်ရယ်”

အိမ်ကြီးပေါ်မှ အုန်းပင်တန်းရှိရာသို့လှမ်းကြည့်ရင်း ငြီးတွားမိသည်။ စိတ်လဲရှုပ်ပါဘိသနဲ့။ အခုတော့ ဒေသခံမော်ကင်းတွေက တောင်းဆိုကြသည်တဲ့။ ဘိုးဘေးတွေရဲ့ ဂူသချိုင်းကို ပြန်လည်တူးဖော်ချင်ကြသည်တဲ့။ မခက်ပါ လိုက်လျောပေးလို့ရသည်ပဲ။ သို့ပေမယ့် ဆူးရစ်သွယ်ကိုယ်တိုင်လဲ ဒီနေရာကြီးမှာမနေချင်တော့။

“ဆရာမရှာခိုင်းထားတဲ့
စာရွက်စာတမ်းတွေပါ ”

ကိုထွန်းနောင်ယူလာပေးသည့် စာရွက်စာတမ်းများကိုသေချာလှန်လှောကြည့်လိုက်သည်။ ဂရန်စာရွက်များ၊မြေတိုင်းစာရင်းမှမြေပုံများနှင့် ကျွန်းမှတ်ပုံတင်စာရွက်များပေါ့။ စာချုပ်စာတမ်းတွေအရ ဒီမြပြာကျွန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀လောက်ကတည်းက ပုဂ္ဂလိကပိုင်ကျွန်းအဖြစ်သတ်မှတ်ကာ ရောင်းချခဲ့ခြင်းဖြစ်သည်။ အစောဆုံးမြေတိုင်းစာရင်းမှ မြေပုံပေါ်တွင်လည်း အစိုးရပိုင်မြေဟုသာဖော်ပြထားသောကြောင့် ယခုပေါ်လာသော ဂူသချိုင်းကိစ္စသည် တရားဝင်တော့မဖြစ်နိုင်။ ဒေသခံတွေရဲ့ ရိုးရာဓလေ့နှင့် အစိုးရအဖွဲ့၏ သတ်မှတ်ချက်များကြားက သဘောထားကွဲလွဲမှုပင်ဖြစ်ပါစေ။

“အိမ်ရှင်ရှိပါသလား”

အဝင်တံခါးမကြီးမှ ထွက်ပေါ်လာသော အသံစူးစူးကြောင့်လှည့်ကြည့်လိုက်သောအခါ ဒုရဲအုပ်ယူနီဖောင်းနှင့် အရာရှိတစ်ယောက်၊ အစိမ်းရောင်ဝတ်စုံနှင့် အုပ်ချုပ်ရေးဌာနကဝန်ထမ်းတစ်ယောက်၊ နောက်ကပါလာသူတွေကတော့ ကျွန်းစုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဖြစ်သည်။

“ကြွပါရှင် ကျွန်မက ဒီကပိုင်ရှင်ရယ်ပါ”

အားလုံးနေရာတကျရှိပြီးမှာပဲ ရဲအရာရှိက သူမကိုင်ထားသော စာရွက်စာတမ်းတွေကိုတချက်ကြည့်ပြီးအားနာဟန်ဖြင့်ပြောသည်။

A Gypsy's Palace(Normal)Onde histórias criam vida. Descubra agora