အိမ်ကြီးသခင်(၄)Uni

382 33 1
                                        

ဘာလာလုပ်တာလဲ
ဘာလို့စလင်းပြာစံအိမ်ကိုရောက်လာရတာလဲ
စလင်းပြာစံအိမ်နဲ့ ဘယ်လိုပတ်သတ်နေလို့လဲ …ပြီးတော့ သူမကဘယ်သူလဲ

အာရုံထဲမှ တဝဲလည်လည်ဖြစ်နေသော အတွေးတို့သည် မြပြာကျွန်းရဲ့ သဲသောင်ဖြူလွှလွှပေါ်မှာ တွေ့ခဲ့ရသည့် မိန်းမချောတစ်ဦးကသာ စိုးမိုးနေသည်။ အဖြူရောင်အက်ျီနှင့်ဘောင်းဘီရှည်တို့ကို လိုက်ဖက်စွာဆင်ယင်ထားပြီး ဦးခေါင်းမှာစည်းနှောင်ထားသည့်ပုဝါဖြူ၊ အညိုရောင်နေကာမျက်မှန်တို့နှင့်တင့်တယ်သောမျက်နှာလှလှတွင်  ပါးလျသောနှုတ်ခမ်းတစုံမှ အပြုံးပွင့်များခြွေချထားသည်။

ရေပြင်ပြာပြာကို အခုမှထိတွေ့ဖူးသလို အံ့သြတကြီးနှင့် ဆော့ကစားနေသော မိန်းမပျို၊ ပြီးတော့ မတူခြားနားသော မျက်နှာအမူအယာနှင့် စလင်းပြာစံအိမ်ကြီးထဲမှာ တွေ့လိုက်ရသော သူမသည် ဘယ်သူပါလိမ့်။ သေချာတာကတော့ စလင်းပြာစံအိမ်နှင့် မြပြာကျွန်းသည် သူ့အတွက်တော့ ရေစက်ဆိုးတွေသာရှိနေသည့် နေရာ။ 

“ဒေါက် ဒေါက်”

“ဝင်ခဲ့”

တခါးခေါက်သံပြင်းပြင်းကြောင့် အတွေးတို့ရပ်သွားသည်။ ဝင်လာသူက အားကိုးရသော တပည့်ကျော်“ဘွန်း”။

“ဘာကိစ္စရှိလို့လဲ ဘွန်း ”

“မနက်က ဒိုမယ်လ်ကျွန်းက ဧည့်သည်တွေလာရှာသွားတယ် အစ်ကို
ဘယ်သွားနေတာလဲ ”

“ငါ အင်း ဘယ်ရယ်လို့မဟုတ်ပါဘူး
သူတို့လာတာ အရေးကြီးလား ”

“ပြောတာတော့ နောက်တပတ်နေရင် ကုန်ပစ္စည်းတွေ ပို့ပေးပါတဲ့”

“အင်း ကောင်းပြီလေ အဲ့ဒီကိစ္စစီစဥ်ထားပြီးပြီလို့ပြောလိုက် ”

“ဟုတ်ကဲ့ ဒါနဲ့ကျွန်တော်တို့ ကဘန်းဘယ်နှစီးလိုမလဲ”

“ကဘန်း ၅စီး စဥ်ထားလိုက် ပြီးတော့
ဒီတခေါက် ငါကိုယ်တိုင်လိုက်မယ်
သွားတော့ ရပြီ ”

“ဟိုလေ ကျွန်တော်တခု
သိလာတာရှိတယ် ”

“ဘာလဲ”

“မြပြာကျွန်းမှာ ပိုင်ရှင်အသစ်ရောက်လာပြီ ဟို စုံစမ်းကြည့်ရသလောက်တော့ ကျွန်းနဲ့စံအိမ်ကို
ပိုင်ရှင်ဟောင်းဆီက
အမွေဆက်ခံခဲ့တာတဲ့”

A Gypsy's Palace(Normal)Место, где живут истории. Откройте их для себя