အသင့်ကျိုထားသောနို့ကို ဖန်ပန်းကန်လုံးတစ်ခုထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ အုတ်ဂျုံကွေကာ လက်တဆုပ်စာထည့်ထားသည်မို့ ကြွေဇွန်းလေးနဲ့ ခပ်ပြင်းပြင်းမွှေပေးလိုက်သည်။ ပြီးတော့မှ ကိုကိုးမှုန့်အနည်းငယ်ဖြူးလိုက်သည်။ ဒီနို့ကွေကာသည် စနေ့အကြိုက်ဆုံးမနက်စာပါ။ ငယ်စဥ်ကတည်းက မွေးစားမိဘတို့သည် ဘိုဆန်ဆန်နေထိုင်စားသောက်တတ်တာမို့ သူ့တွင်လည်း ထိုအကျင့်တို့စွဲနေသည်။ မော်ကင်းတစ်ယောက်အနေနဲ့တော့ စိတ်ပျက်ဖွယ် ဓလေ့စရိုက်တွေပါ။ ဒါကိုလဲ သူအနည်းငယ်ရှက်တတ်ပေမယ့် အမူအကျင့်ကိုပြင်လို့မရ။ စားလို့အသင့်အနေအထားရောက်မှ ဇွန်းတပ်ကာ ယူသွားပေးလိုက်သည်…ပြန်ပေးဆွဲအဖမ်းခံလာရတာကို အပန်းဖြေစခန်းရောက်နေသည်လို့ ထင်မှတ်နေသော ကောင်မလေးရှိရာသို့။
မင်းကြောင့်ကိုယ်လဲ မူးယစ်ရာဇာဘဝက ရာထူးလျှောလို့ နာနီတပိုင်းဖြစ်နေပါပြီ…
အခန်းတံခါးခေါက်လိုက်တော့ သူမကိုယ်တိုင်လာဖွင့်ပေးသည်။ မျက်နှာလေးက ခုနကနဲ့မတူတာကို သတိထားမိသည်။ ဧကန်နတော့ သူ့ကိုကြောက်သွားပြီထင်ပါရဲ့။
“ရော့ မင်းစားလိုက်”
“ရှင် ကျွန်မကို ပြန်ပေးဆွဲလာတာပေါ့နော် ”
“မင်းကို လက်ထိပ်ခတ် ကြိုးတုပ်ထားမှ ယုံမှာလား”
“မဟုတ်ပါဘူး ပြောချင်တာကလေ ရှင်နားလည်မယ်ထင်ပါတယ် နိုင်ငံတကာမှာတောင် သုံ့ပန်းအခွင့်အရေးဆိုတာရှိတယ်လေ ရှင်ကျွန်မကို တစ်ခုလုပ်ပေးရဦးမယ်”
“ဘာလဲ ကိုယ်တိုင်မနက်စာလုပ်ပေးထားတာ မလုံလောက်ဘူးလား ခွံ့ကျွေးရဦးမလား ”
“အဲ့လောက်ထိတော့ မဟုတ်ပါဘူး ဒါပေမဲ့လေ ကျွန်မ အင်္ကျီလဲချင်တယ် မရှိဘူးလားဟင် …”
“ပင်လယ်ထဲက ကျွန်းပေါ်မှာ အဖမ်းခံထားရပါတယ်ဆို လှချင်နေသေးတာလား အံ့သြတယ်မင်းကို ”
“အဲ့လိုမပြောနဲ့လေ ကျွန်မမှ မနေတတ်တာကို သုံးလေးရက်လောက်ရှိပြီ ဒါကြီးပဲဝတ်ထားရတာမလား အနဲဆုံးတော့ ရှင့်ဓားစာခံကို အဲ့လောက်တော့ ဖြည့်ဆည်းပေးသင့်တယ်”
ŞİMDİ OKUDUĞUN
A Gypsy's Palace(Normal)
Genel Kurguမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်