“သူ့နာမည်က သန့်ရှင်းနိုင်တဲ့ လူတိုင်းကသူ့ကို ချစ်ခင်တယ် လေးစားတယ် အထူးသဖြင့် မော်ကင်းတွေပေါ့ ဒီပင်လယ်ပြင်က ပြဿနာတွေအားလုံးကို သူတစ်ယောက်ကတော့ဖြင့် စာနာပေးတယ်တဲ့ ဒါပေမဲ့လူတွေမသိဘူး ဦးသန့်ရှင်းနိုင်အသက်ရှင်နေတာက မော်ကင်းတစ်ယောက်ရဲ့ အသက်နဲ့ဖလှယ်ထားတယ်ဆိုတာပဲ… သိလား အဲ့ဒါကိုယ့်အဖေရဲ့နှလုံး …ကိုယ့်အဖေကိုသတ်ပြီး သူတို့ယူထားတာ သူတို့…သူတို့ သိပ်ယုတ်မာကြတယ် …အသက်ရှင်စဥ်တုန်းက တိရစ္ဆာန်တစ်ကောင်လို နှိပ်စက်ခေါင်းပုံဖြတ်ပြီး သေခါနီးမှာတောင် …သူတို့ရက်စက်လွန်းခဲ့တယ် …သူတပါးရဲ့ အသိုက်အမြုံကိုဖျက်စီးပြီး လူကောင်းတစ်ယောက်လို ဟန်ဆောင်နေခဲ့ကြတယ်…ကိုယ့်မှာတော့ အရာအားလုံး သူတို့နဲ့ဆန့်ကျင်ဖက်ဘဝမှာနေခဲ့ရတယ် …အားတော့နာပါရဲ့ …အခုချိန်မှာ သူ့ကိုလက်စားချေဖို့ မင်းကလွဲရင် ကိုယ့်မှာနောက်နည်းလမ်းတစ်ခုမရှိဘူး… ကိုယ့်ရဲ့နာကျင်မှုတွေ ခက်ခဲမှုတွေ သိမ်ငယ်မှုတွေအတွက် မင်းကိုလိုအပ်တယ်”
ညဥ့်အာရုံလွှာနှင့်အပြိုင် နက်ရှိုင်းလာသော သူ့စကားများကို တုပချေဖျက်နိုင်စွမ်းမရှိပါ။ ငယ်စဥ်ကတည်းက လူတစ်ဖက်သားအပေါ် အနည်းငယ်မျှသော ယုတ်ညံ့သည့်စိတ်မထားခဲ့ဖူးတာ အမှန်ပါ။ အခုတော့ ကိုယ်နှင့်တခါမှမသိမမြင်ဖူးသည့် လူတစ်ယောက်ရဲ့ ရန်ကြွေးကြောင့် အချုပ်အနှောင်ခံရသည်တဲ့ ဘယ်လောက်တောင် ထူးဆန်းလေသနည်း။
“ရှင့်ကို ဘယ်လိုလုပ်ပေးရမလဲ ကျွန်မတစ်ခုခုဖြစ်မှ ရှင့်ရင်ထဲက ရန်ငြိုးတွေပြေမှာလား”
ပင်လယ်ပြင်ထက်က လှိုင်းတွေနှင့်အပြိုင်ခက်ထန်နေသော သူ့စိတ်ကို ဘယ်ပုံဘယ်နည်းနှင့် နှစ်သိမ့်ရမည်ဆိုတာမသိ။ ဆူးရစ်သွယ် ပြောမိသမျှစကားလုံးတွေက သူ့ကို မနာကျင်စေဖို့တော့ မျှော်လင့်ရတာပဲ။
ဘေးတိုက်အနေအထားနှင့်မြင်ရသော သူ့မျက်နှာအသွင်အပြင်သည် မုန်တိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ အုံ့မှိုင်းလွန်းလှသည်။
“မင်းက သူ့အတွက်နာကျင်စေရာ ပတ်သတ်မှုမျိုးပဲဖြစ်ဖြစ်…ကိုယ်က သူ့မြတ်နိုးရာတစ်ခုခုကို ဖျက်စီးနိုင်တာပဲဖြစ်ဖြစ် သူနာကျင်ရမယ်ဆိုရင် ကိုယ်ကျိန်ဆိုတယ် သေချာပေါက် အဲ့ဒီအရာတွေကို ဖျက်စီးမှာပဲ ”
ŞİMDİ OKUDUĞUN
A Gypsy's Palace(Normal)
Genel Kurguမြန်မာပြည်တောင်ဖျားကမော်ကင်းမျိုးနွယ်စုများနှင့်ကျိန်စာသင့်နေသောပုလဲများ၊သဲသောင်ဖြူအနားသတ်ထားတဲ့မြပြာရောင်ပင်လယ်ထဲကမြိတ်ကျွန်းစုပေါ်မှဇာတ်လမ်းလေးတစ်ပုဒ်