Part-31

4.1K 352 37
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-31
•••••••••••••••••••••

ရှောင်းကျန့်လက်မခံချင်ပေမဲ့ဝမ်ရိပေါ်ဆိုတဲ့သူ့ထက်အသက်လေးနှစ်ကြီးတဲ့ကျောင်းဆရာနဲ့သူနဲ့ကတရားဝင်လက်ထက်ထားကြောင်းလက်ထက်စာချုပ်ကြီးကအခိုင်အမာ။ဘယ်လိုစဥ်းစားစဥ်းစားဒီလူနဲ့ပတ်သပ်တဲ့မှတ်ဉာဏ်တွေကအစနပင်ပေါ်မလာခဲ့။ဘယ်လိုတွေဖြစ်ခဲ့ပါစေသူဒီလူကိုမချစ်ပါဘူးပြောပြောသူကလူပျိုပြန်ဖြစ်မလာနိုင်တော့တဲ့ကလေးအဖေတစ်ယောက်။အမြဲတမ်းဆေးရုံလာလာစောင့်ပေးနေတဲ့ထိုလူကိုရှောင်းကျန့်ရဲ့အလိုမကျမှုတွေကြောင့်တခါတခါအော်ငေါက်လိုက်မိတော့မျက်နှာငယ်လေးနဲ့toiletထဲသွားငိုနေတတ်တာကိုလည်းသူသိတယ်။သူစိမ်းဆိုကိုယ်မှားရင်တောင်မတောင်းပန်တတ်တဲ့သူ့အကျင့်ကြောင့်တခါမှတောင်းပန်စကားမဆိုမိ။ဝမ်းနည်းသွားတတ်တာကလွဲရင်အမြဲတမ်းနေ့လည်ထမင်းစားချိန်ဆိုထမင်းချိုင့်လေးနဲ့ရောက်ရောက်လာတတ်သည့်ထိုလူကစိတ်မတိုတတ်တာပဲလားမပြောတတ်။

"မား..."

"အာ...ရိပေါ်လေးရောက်လာပြီ...ဒါဆိုမားပြန်ဦးမယ်နော်...သားရှောင်းကျန့်နားမှာရိပေါ်ပဲနေပေးလိုက်တော့...မြေးလေးရောသူ့အဖိုးနဲ့အိမ်မှာနေခဲ့တာလား..."

"ဟုတ်မား...ဂရုစိုက်ပြန်နော်..."

နှုတ်ဆက်ကာဆေးရုံခန်းထဲကမားထွက်သွားတော့သူ့ကိုမျက်နှာလွှဲကာထိုင်နေသည့်မောင့်အနားလျှောက်သွားလိုက်တယ်။လက်ခံဖို့ခက်ခဲနေတဲ့မောင့်ဦးနှောက်ကြောင့်အရမ်းပင်ပမ်းနေမှာပဲ။ကုတင်နဘေးကစားပွဲလေးပေါ်ထမင်းချိုင့်လေးတင်ကာနဘေးမှာထောင်ထားတဲ့ခေါက်စားပွဲလေးကိုလှမ်းယူလိုက်တယ်။

" မောင်...ထမင်းစားရအောင် စောင်ခြုံထားတာဖယ်ပေးရမလား..."

သူစိမ်းဆိုအသားထိတာမကြိုက်သည့်မောင့်ကြောင့်တခုခုမလုပ်ပေးခင်အရင်မေးရသည်ကအကျင့်ပင်ဖြစ်နေလေပြီ။

"ရတယ်...ကျွန်တော့်ဘာသာဖယ်လိုက်မယ်..."

ပြောရင်းခြုံထားတဲ့စောင်ကိုဖယ်ပေးတော့မှကုတင်ပေါ်ခေါက်စားပွဲလေးနေရာချလိုက်တယ်။ထည့်လာတဲ့ထမင်းချိုင့်လေးကိုဖွင့်ကာနေ့လည်စာပြင်ပေးလိုက်ပြီးမောင်ရင်ဘတ်ပေါ်လက်ကိုင်ပုဝါလေးအုပ်ပေးဖို့လုပ်တော့ခပ်စူးစူးကြည့်လာသည့်မောင့်ကြောင့်စားပွဲပေါ်တင်ထားပေးလိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now