Part-37

4.5K 377 74
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-37
••••••••••••••••••••

"အာ့!..."

"သားရိပေါ်...နိုးလာပြီလား ဖြည်းဖြည်းထ..."

ရိပေါ်နိုးနိုးချင်းစိုးရိမ်တကြီးမနားရောက်လာသူကရှောင်းမား။ပတ်တီးစည်းထားတဲ့ခေါင်းကိုဖိနှိပ်ရင်းရိပေါ်ကုတင်ခေါင်းရင်းကိုမှီထိုင်လိုက်တယ်။ပတ်တီးအဖွေးသားနဲ့လက်တစ်ဖက်ကတဆစ်ဆစ်။

"မား...မောင် မောင်ဘယ်မှာလဲဟင်...ကျွန်တော်မောင့်ကိုတွေ့ချင်တယ်..."

လက်နှစ်ဖက်ကိုကိုင်လှုပ်ကာမျှော်လင့်တကြီးမေးလာသည့်ရိပေါ်ကိုကြည့်ပြီးရှောင်းမားမှာသက်ပြင်းချရုန်ပဲတက်နိုင်တယ်။ဘာတွေဘယ်လိုဖြစ်သွားမှန်းရှောင်းမားလည်းခုချိန်ထိမသိသေး။သားကျန့်ကရိပေါ်ကိုဆေးရုံလာပို့ပေးပြီးသူတို့ကိုအကြောင်းကြားပြီးကတည်းကပျောက်နေတာ။ဖုန်းဆက်လည်းမကိုင်ပဲအဆက်သွယ်ပြတ်နေသည်လေ။

"သားရိပေါ် ဘာတွေဖြစ်ခဲ့တာလဲမားကိုပြောပြပါဦးကွယ်..."

ရိပေါ်မှာရှောင်းမားအမေးကိုဘယ်လိုဖြေရမှန်းမသိ။သူနဲ့ကျန်းချန်ကမောင်ထင်နေသလိုလုံးဝမဟုတ်ခဲ့တာတော့သေချာသည်။ကျန်းချန်နဲ့နှစ်ယောက်သားကော်ဖီဆိုင်ကအပြန်ကျန်းချန်တိုက်ခန်းနဲ့လမ်းသင့်တာကြောင့်taxiတစီးတည်းအတူစီးမိရုန်ကလဲွဲပြီးသူဘာမှမလုပ်မိ။ကျန်းချန်နဲ့အတူtaxiနောက်ခန်းထဲဝင်ရုန်ရှိသေးနှခေါင်းထဲတိုးဝင်လာသည့်စိမ်းရွှမ်ရွှမ်အနံ့တမျိုး။ထိုအချိန်ကစပြီးရိပေါ်အိပ်ပျော်သွားတာလားမူးမေ့သွားတာလားမသဲကွဲ။ပြန်နိုးလာတော့ဟိုတယ်လိုအခန်းတခုထဲရောက်နေပြီး မောင် မောင်ကသူနဲ့ကျန်းချန်ကို။ရိပေါ်ဆက်မတွေးရဲတော့။ကိုယ်ပေါ်ကစောင်ကိုကျစ်ကျစ်ပါအောင်စုပ်ရင်းမျက်ရည်တွေစီးကျလာတယ်။

"အင့်!...ကျွန်တော်မသိဘူးမား...ဘာတွေဖြစ်သွားတာလဲကျွန်တော်တကယ်မသိဘူး...ဟင့်!..."

"အေးပါ သားရယ်...မငိုပါနဲ့ ခေါင်းပိုကိုက်လိမ့်မယ်...မား...သားရှောင်းကျန့်ပြန်လာမှမေးကြည့်ပါဦးမယ်..."

မောင်သာလျှင်...[Complete]Where stories live. Discover now