Part-41

5.4K 399 54
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-41
••••••••••••••••••••

"ဆရာဝမ် စတော်ဘယ်ရီကိတ်တစ်ခု...ပါဆယ်နော်..."

"ဒီမှာပါ...ကျေးဇူးပါ နောက်လည်းလာခဲ့ပါဦး..."

ချုံချင်းမြို့အစွန်မကျအလယ်မကျနေရာလေးမှာMincing Tasteဆိုတဲ့စတော်ဘယ်ရီကိတ်ဆိုင်လေးကအသက်သုံးဆယ်အရွယ်ကျောင်းဆရာလေးတစ်ယောက်အပိုင်ပင်။

စာအုပ်ဆိုင်လေးနှင့်တွဲဖွင့်ထားသည်မို့အထက်တန်းကျောင်းသားတွေအပြင် စာအုပ်စာပေချစ်သူတွေနဲ့အမြဲပြည့်နေတတ်တယ်။

ရုပ်ခံရှိသည့်ကျောင်းဆရာလေးကပုံတုံးတုံးလေးပေမဲ့ပိုးပမ်းချင်သည့်ဘဲကြီးတွေကလည်းခပ်ပေါပေါရယ်။ကလေးအဖေလို့သိထားတာတောင်no problemဆိုကာဇွဲမလျော့သည့်အမျိုးသားထုကသြချလောက်ပါပေရဲ့။

ဒါပေမဲ့ကျွန်တော်မချစ်ချင်တော့ဘူးလို့ပြောလာသည့်ကျောင်းဆရာလေးကထိုအမျိုးသားထုကိုပညာသားပါပါငြင်းဆန်လေ့ရှိတယ်။တစ်ယောက်သောသူကိုလွမ်းရတာအတော်အပင်ပမ်းပေမဲ့မနာကျင်ဘူး။မေ့ပစ်ဖို့ကြိုးစားလို့မရတဲ့အရာထဲကမင်းကထိပ်ဆုံးပဲမောင်။

CEO Xiaoကနေဥက္ကဠရှောင်းအဖြစ်ရပ်တည်နေကြောင်းရိပေါ်ကြားမိပါရဲ့။တမင်စုံစမ်းထားတာမျိုးမဟုတ်ပေမဲ့မသိမသာနားစွင့်နေမိသည်ကမင်းသတင်းတွေ။

ခြောက်လ ရိပေါ်မောင့်ကိုမေ့ပစ်ဖို့ကြိုးစားနေတာခြောက်လရှိပြီ။တရက်လောက်တောင်ရိပေါ်အတွေးထဲရောက်မလာရရင်မနေနိုင်သည့်မောင်ကအတော်ဆိုးပါသည်။ဘာပဲဖြစ်ဖြစ်ဒီတိုင်းလေးလည်းအဆင်ပြေပါတယ်။

"Mr.Xiaoအနေနဲ့နောက်အိမ်ထောင်ပြုဖို့အစီအစဥ်ရှိသေးလားရှင့်..."

ရိပေါ်အရောင်းကောင်တာမှာစာရင်းတွေစိစစ်နေတုန်းTVကတဆင့်ပြတ်ပြတ်သားသားကြားလိုက်ရသည့်အင်တာဗျူးတခုကြောင့်ဖန်သားပြင်ပေါ်အကြည့်ပို့လိုက်မိတယ်။

အနက်ရောင်suiteနဲ့မောင်ကငွေအပ်ထိုးထားသည့်မီးခိုးရောင်necktieလေးနဲ့အတော်ကြည့်ကောင်းသည်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဆိုသည့်ဂုဏ်ပုဒ်ကမောင်နဲ့အတော်လိုက်ဖက်သည်။

မောင်သာလျှင်...[Complete]Hikayelerin yaşadığı yer. Şimdi keşfedin