Part-19

4.8K 386 21
                                    

UNICODE💫

🌺မောင်သာလျှင်🌺
•••••••••••••••••••••••

ဒီနေ့ဆိုတစ်ရက်ရှိပြီ။ဝမ်ငယ်ကရှောင်းကျန့်ဖုန်းကိုလဲမကိုင်သလိုmessageတွေလည်းreplyမပြန်တော့ဘူး။အနုပညာအတန်းဘက်သွားရှာတော့လည်းကျောင်းမလာဘူးတဲ့။ဝမ်ငယ်ကတကယ်ပဲမောင်နဲ့မတွေ့ပဲနေနိုင်နေပြီပဲ။ဒါပေမဲ့မောင်ကတော့မနေနိုင်ဘူးဝမ်ငယ်။ရှောင်းကျန့်ရှုပ်ထွေးနေတဲ့စိတ်တွေကြောင့်ယွီပင်းတို့ခေါ်ရာclubကိုလိုက်လာလိုက်တယ်။

"ဟေ့ရောင်ရှောင်းကျန့်...အဲ့လိုကြီးတမှိုင်မှိုင်လုပ်မနေပါနဲ့ကွာ ဒီလိုကြီးကမင်းပုံစံမဟုတ်ဘူးလေ...ဆရာဝမ်ကမင်းကိုခဏစိတ်ကောက်သွားတာနေမှာပါ..."

"မဟုတ်ဘူးယွီပင်း...ဝမ်ငယ်ကစိတ်ကောက်တယ်ဆိုရင်တောင်ဒီလောက်ထိငါ့အပေါ်ပစ်ပစ်ခါခါတစ်ခါမှမပြောဖူးဘူးကွ...ဒီတစ်ခါကဝမ်ငယ်ငါ့ကိုဖြတ်ဖို့ထိပြောတာ...ငါ ငါဘယ်လိုလုပ်ရမလဲ ဒီတိုင်းဆိုငါရူးသွားလိမ့်မယ်ယွီပင်း..."

" ရှောင်းကျန့်ရာမင်းဒုက္ခလည်းမသေးပါလားနော်..."

မီးရောင်စုံတွေအောက်မှာလူငယ်လူရွယ်အစုံမြူးမြူးကြွကြွကခုန်နေကြပေမဲ့ရှောင်းကျန့်ကတော့စားပွဲဝိုင်းမှာခေါင်းငိုက်စိုက်ချကာအသည်းကွဲရောဂါကိုလူးလိမ့်နေအောင်ခံစားနေရရှာတယ်။

" ရှောင်းကျန့်ခဏနော်...ဟိုကောင်ကျန်းချန်မလာသေးဘူးလားမသိဘူးငါဖုန်းသွားဆက်လိုက်ဦးမယ်..."

ရှောင်းကျန့်ယွီပင်းကိုလက်ကာပြကာသောက်လက်စဝိုင်ခွက်ကိုတရှိန်ထိုးမော့သောက်ချလိုက်တယ်။လျှာပေါ်ကပြင်းရှရှအရသာနဲ့ရီဝေဝေခံစားချက်ကရှောင်းကျန့်မြင်သမျှလူတိုင်းကိုဝမ်ငယ်လို့ပင်ထင်ယောင်ထင်မှားဖြစ်စေပြန်တယ်။

"အဟက်...ဝမ်ငယ်ရေ မောင့်အဖြစ်ကိုလာကြည့်လှည့်ပါဦး...ဝမ်ငယ်မကြိုက်တဲ့alcoholတွေမောင်သောက်နေတယ်လေကွာ မောင့်ကိုလာထုရိုက်လှည့်ပါဦးလား..."

ရှောင်းကျန့်ခေါင်းငိုက်စိုက်ချကာပါးစပ်ရှိတာငြီးတွားရင်းလူကဟန်ချက်ပျက်ချင်လာတယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now