Part-40

5.6K 402 52
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-40
••••••••••••••••••••

ခွမ်း!💢

​လေးပင်နေသည့်စိတ်အစဥ်နဲ့အတူရိပေါ်လက်ထဲကလွတ်ကျသွားသည့်ပန်းကန်ပြားကကြမ်းပြင်ပေါ်အစိပ်စိပ်အမွှာမွှာ။

"သားငယ်...လူလေးရှောင်းကျန့်လှေကားပေါ်ကပြုတ်ကျလို့တဲ့..."

ကြားလိုက်ရတဲ့စကားကြောင့်ရိပေါ်မှာမီးဖိုဆောင်ဝကပါးကိုကြည့်လိုက်ကြမ်းပြင်ပေါ်ကပန်းကန်ကွဲစတွေကိုကြည့်လိုက်နဲ့လက်တွေတဆက်ဆက်တုန်လာကာခြေထောက်တွေပင်မခိုင်ချင်တော့။

"အင့်!..."

"သားငယ်!...အဆင်ပြေရဲ့လား..."

ရုတ်တရက်ဘေစဥ်နားခွေယိုင်ကျသွားသည့်ရိပေါ်ကြောင့်ဝမ်ပါးမှာစိုးရိမ်တကြီးအနားပြေးလာမိတယ်။ကြောင်စီနေသည့်ရိပေါ်ကအသက်ပင်မရှူတော့သယောင်လက်သီးကိုကျစ်ကျစ်စုပ်လို့မလှုပ်မလျှက်။

"သားငယ်...ထိန်းချုပ်မထားနဲ့ ငိုချလိုက်...ပါးရှိတယ်ငိုလိုက်နော်..."

"အင့်!...ပါး...အဟင့်!...ကျွန်တော်အရမ်းပင်ပမ်းနေပြီ...အီး...ဟီး...ဟီး..."

"ပါးသိတယ်...ငိုလိုက်သားငယ်..."

ပုခုံးနှစ်ဖက်ကိုလှုပ်ရမ်းကာသတတိပေးတော့မှဝမ်ပါးရင်ခွင်ထဲပြိုဆင်းလာသည့်ရိပေါ်ကရုပ်ကြိုးပျက်သည့်နှယ်။မောင့်အတွက်မငိုတော့ဘူးလို့တွေးထားပေမဲ့အမှတ်မရှိသည့်နှလုံးသားကအမြင်ကတ်ဖို့ကောင်းလောက်အောင်ပျော့ညံ့လွန်းတယ်။ဘာလို့မင်းကိုစိတ်ပူနေရသေးတာလဲ။မင်းကဘာမို့လို့ငါမုန်းလို့မရတာလဲ။

"သားငယ် လူလေးရှောင်းကျန့်စီသွားချင်လား..."

ပြေးတွေ့ချင်နေသည့်နှလုံးသားနဲ့နာကျည်းမှုတွေနဲ့ဦးနှောက်ရဲ့လွန်ဆဲွဲခြင်းမှာရိပေါ်ပါးအမေးကိုနာနာကျည်းကျည်းခေါင်းခါလိုက်မိတယ်။မတွေ့ချင်တာမဟုတ်ပေမဲ့ရိပေါ်မောင့်ကိုလုံးဝသွားမတွေ့ဘူး။ဘယ်တော့မှပဲ။မင်းမရှိပဲနေတတ်အောင်ငါကြိုးစားမယ်။

"မတွေ့ဘူးပါး...ကျွန်တော်မောင့်ကိုဘယ်တော့မှသွားတွေ့မှာမဟုတ်ဘူး...နောက်ပြီးရှောင်းအိမ်တော်ကဆက်သွယ်လာရင်ကျွန်တော့်ကိုဘာတခုမှပြန်မပြောပါနဲ့...ဖြစ်နိုင်ရင်အဆက်သွယ်မရှိလေကောင်းလေပဲ..."

မောင်သာလျှင်...[Complete]Onde histórias criam vida. Descubra agora