Part-17

4K 356 12
                                    

UNICODE💫

🌺မောင်သာလျှင်🌺
••••••••••••••••••••

"ကျစ်...အချိန်ကိုလေးစားမှုမရှိလိုက်တာ..."

ရှောင်းကျန့်လက်ကနာရီကိုငုပ်ကြည့်ရင်းစိတ်ပျက်ဟန်စုပ်တစ်ချက်သပ်ကာnecktieကိုအနည်းငယ်ဖြေလျော့လိုက်တယ်။ရှောင်းကျန့်ပါးပြောတဲ့motelကိုရောက်နေတာနာရီဝက်လောက်ကြာသည်အထိပါးမိတ်ဆွေရဲ့သမီးသူနဲ့သ​ဘောတူထားတယ်ဆိုတဲ့မိန်းကလေးကရောက်မလာသေးတာကြောင့်စိတ်မရှည်ချင်တော့။စားပွဲပေါ်ကမှာထားတဲ့ကော်ဖီကိုတငုံယူသောက်လိုက်ကာအက်ျီအတွင်းအိပ်ထဲကဖုန်းလေးထုတ်ပြီးငုပ်ကြည့်နေလိုက်တယ်။

"တစိတ်လောက်...ဒို့ဒီမှာထိုင်လို့ရမလား..."

ရှောင်းကျန့်မိန်းမတစ်ယောက်အသံကြားပေမဲ့မသိလိုက်ဖာသာပဲဆက်ထိုင်နေတော့သူ့အမြင်ထဲရောက်လာတဲ့တတောင်လောက်ရှိတဲ့ဒေါက်ဖိနပ်ကြီးကြောင့်မော့ကြည့်လိုက်တယ်။

"အာ...ဖန်းရီပါလား ဘာလဲဒီမှာတစ်ယောက်ယောက်နဲ့ချိန်းထားတာလား..."

"အဟင်း...ရှောင်းကျန့်နင်တကယ်ပဲမသိတာလား မသိဟန်ဆောင်နေတာလား နင်နဲ့သဘောတူထားတဲ့မိန်းကလေးဆိုတာငါပဲ..."

"ဘယ်လို...ဖန်းရီနင်တကယ်ပြောနေတာလား..."

"ငါကဒီကိစ္စကိုစနောက်စရာလို့သဘောထားတယ်ထင်နေတာလား..."

ဖန်းရီ ကပြောရင်းရှောင်းကျန့်မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်တယ်။waiterလာချပေးတဲ့ကော်ဖီခွက်ကိုစိမ်ခံသောက်နေသည့်ဖန်းရီကြောင့်ရှောင်းကျန့်ကပဲစကားစလိုက်ရတယ်။

"ဒါဆို...ငါတို့နှစ်ယောက်ကိစ္စကိုနင့်ဘက်ကအရင်ငြင်းပေးပါနင်ကမိန်းကလေးမို့ငါအခွင့်ရေးပေးလိုက်မယ်..."

"အိုး...လွယ်လှချည်လားရှောင်းကျန့်ရယ် ငါ့ဆန္ဒကိုလည်းမေးကြည့်ပါဦးလား...အဟင်း..."

"ဘာမေးစရာလိုသေးလို့လဲ...နင်လည်းငါ့ကိုမချစ်ဘူးငါလည်းနင့်ကိုမချစ်ဘူးရှင်းနေတာပဲလေ...အဲ့တော့ငါတို့မဂ်လာပွဲကဖြစ်လာစရာအကြောင်းမရှိဘူး...နင့်Daddyကိုငါ့ကိုနင်သဘောမကျတဲ့အကြောင်းပြပြီးငြင်းလိုက်ဟာ..."

မောင်သာလျှင်...[Complete]Tahanan ng mga kuwento. Tumuklas ngayon