Part-25

4.4K 361 16
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-25
••••••••••••••••••••

အုတ်ဂူဖြူဖြူလေးရှေ့အဖြူရောင်နှင်းဆီပန်းစည်းလေးချကာနာရီဝက်လောက်ဒူးပိုက်ထိုင်နေသည့်ဝမ်ငယ့်ကိုရပ်ကြည့်နေရင်းရှောင်းကျန့်လုံးဝစိတ်မသက်သာ။အနားလျှောက်သွားလိုက်ကာခပ်ဖွဖွထွေးပွေ့လိုက်တော့နီဆွေးနေတဲ့မျက်လုံးမှေးမှေးလေးတွေနဲ့ခေါင်းလေးစောင်းကြည့်လာတယ်။မျက်မှန်ဝိုင်းလေးခံနေပေမဲ့ငိုချင်နေတာကိုအတင်းထိန်းချုပ်ထားရပုံမျက်ခမ်းဆက်လေးတွေရဲနေတယ်။

"ဝမ်ငယ်...မောင့်ကိုပြောထားတယ်လေဒီနေ့မငိုတော့ဘူးလို့..."

"အွန်း...ငါငိုလို့လား...ဟင့်..."

မငိုဘူးပြောရင်းမျက်ရည်တွေစီးကျလာသည့်ဝမ်ငယ်ကြောင့်ရှောင်းကျန့်ပါးပြင်ပေါ်ကမျက်ရည်တွေခပ်ဖွဖွသုတ်ပေးလိုက်တယ်။အုတ်ဂူလေးကိုတချက်ကြည့်ကာဝမ်ငယ့်လက်တစ်ဖက်ကိုဆဲွဲပြီးထရပ်လိုက်တယ်။

"ဝမ်ငယ်...ပြန်ရအောင်နော်...လာအိမ်မှာဦးလေးတစ်ယောက်တည်းကျန်ခဲ့တာလေ..."

ရှောင်းကျန့်ပြောမှဝမ်ငယ်ကထရပ်ရင်းဖျော့တော့တော့ပြုံးပြတယ်။ရှောင်းကျန့်ဝမ်ငယ်နဲ့အတူစီးနေကျဆိုင်ကယ်လေးနဲ့ပဲအိမ်ပြန်လာလိုက်တယ်။အိမ်ရှေ့ရောက်တော့ကားနက်တစ်စီးရပ်ထားတာတွေ့တာကြောင့်ရှောင်းကျန့်နဲ့ရိပေါ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်။ရှောင်းကျန့်သိတာပေါ့။ဒီကားကရှောင်းအိမ်တော်ကကားဆိုတာ။နှစ်ယောက်သားအိမ်ထဲဝင်သွားလိုက်တော့ဧည့်ခန်းမှာဝမ်ပါးနဲ့စကားပြောနေသည့်ရှောင်းကျန့်မား၊နဘေးကပါးရဲ့လူယုံတစ်ယောက်ရပ်နေပြီးရှောင်းပါးကိုတော့မတွေ့။

"မား...ဘယ်လိုရောက်လာတာလဲ..."

"သား...ရိပေါ်လေးပြန်လာကြပြီလား...လာထိုင်ကြပါဦး..."

ရှောင်းကျန့်တို့ကိုတွေ့သည်နှင့်ရှောင်းမားကဝမ်းသာအားရပြောပေမဲ့ဝမ်ပါးမှာတော့မျက်နှာမကောင်း။ရှောင်းကျန့်နဘေးကဝမ်ငယ့်လက်ကိုဆဲွဲပြီးမားနဲ့မျက်နှာချင်းဆိုင်မှာသွားထိုင်လိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now