Part-24

4.7K 374 21
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-24
•••••••••••••••••••••

ရှောင်းကျန့်တို့ချုံချင်းရောက်တာတလနီးပါးလောက်ရှိလာပြီမို့ဝမ်ငယ်ကမြို့ထဲကအိမ်တအိမ်မှာအထက်တန်းကျောင်းသားလေးတွေကိုGuideပြပေးပြီးရှောင်းကျန့်ကဘွဲ့မရသေးပေမဲ့ပညာအရည်ချင်းကမနိမ့်လေတော့ကော်ဖီဆိုင်လေးတစ်ဆိုင်မှာမေနေဂျာရာထူးနဲ့အလုပ်ရတယ်။နေ့တိုင်းမြို့ထဲကိုဆိုင်ကယ်လေးနဲ့အသွားအပြန်ရှောင်းကျန့်ဝမ်ငယ်နဲ့နှစ်ယောက်တည်းပင်။ရှောင်းကျန့်ရဲ့ကော်ဖီဆိုင်လေးကညနေသုံးနာရီပိတ်ပြီးဝမ်ငယ့်Guideပြချိန်ထက်နာရီဝက်လောက်စောသိမ်းတာမို့ရှောင်းကျန့်ကပဲဝမ်ငယ့်ကိုသွားကြိုလေ့ရှိတယ်။ကော်ဖီဆိုင်သေးသေးလေးဆိုပေမဲ့ရှောင်းကျန့်လိုရုပ်ခံရှိသည့်မေနေဂျာလေးကြောင့်လက်မလည်အောင်လူစည်လှတယ်။

"ဟို...အကိုတစိတ်လောက်..."

စာရင်းစာအုပ်လေးကိုင်ကာအေပရွန်လေးနဲ့မေနေဂျာလေးကိုနှုတ်ခမ်းနီမလေးတွေကမျက်စိကျနေပုံ။စားပွဲထိုးတွေရှိပါလျှက်ကောင်တာကရှောင်းကျန့်ကိုပဲမှာကြတာများတယ်။

"ဟုတ်...အမဘာအလိုရှိပါသလဲ..."

ရှောင်းကျန့်ထောင့်နားကစားပွဲဝိုင်းလေးကိုလျှောက်သွားကာမေးတော့အမလို့အခေါ်ခံရတဲ့မိန်းကလေးမျက်နှာကညှို့မှိုင်းလို့။ရှေ့ကသူငယ်ချင်းဖြစ်ဟန်တူသည့်ကောင်းမလေးနှစ်ယောက်ကခိုးခိုးခစ်ခစ်ကြိတ်ရယ်နေကြတယ်။

"ဟွန့်...အကိုကလည်းညီမလောက်တော့လုပ်ပါ..."

ရှောင်းကျန့်အီစီကလီလာလုပ်နေသည့်ရှေ့ကဆံပင်ရှည်ရှည်နဲ့ကောင်မလေးကြောင့်စိတ်ကိုမရှည်ရှည်အောင်ဆွဲဆန့်လိုက်ရင်း

"ညီမဘာမှာမလဲ..."

"အဟွန်း...အဲ့လိုလုပ်ပါအကိုရဲ့ ညီမကိုAmericanoတစ်ခွက်specialဖျော်ပေးနော်အကို..."

"ဟုတ်ကဲ့...ခဏစောင့်ပေးပါစားပွဲထိုးတွေလာချပေးပါလိမ့်မယ်..."

အကုန်မှာပြီးလို့ရှောင်းကျန့်ကောင်တာဘက်ပြန်သွားဖို့အလုပ်တံတောင်ဆစ်နားထိခေါက်တင်ထားတဲ့ရှပ်အက်ျီစကိုလာဆွဲသည့်ကောင်မလေးကြောင့်မျက်မှောင်ကျုံ့ကာပြန်လှည့်ကြည့်လိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now