<Final>

10.1K 475 61
                                    

_____________
UNICODE💫
____________

🌺မောင်သာလျှင်🌺
•••••••••••••••••••

"ပါးပါး!...ဒီမှာကြည့် သားသားခူးထားတာ..."

ခြင်းတောင်းသေးသေးလေးထဲစတော်ဘယ်ရီသီးတွေမခူးတတ်ခူးတတ်နဲ့ခူးထည့်ရင်းသားသားကသူလုပ်နိုင်ကြောင်းခပ်လှမ်းလှမ်းကရိပေါ်ကိုမြှောက်ပြတယ်။

"အဟင်း...ပါးပါးချစ်ဆုံးလေးကတော်လိုက်တာ..."

ခေါင်းလုံးလေးကိုလှမ်းဖွရင်းစတော်ဘယ်ရီသီးတွေခိုးစားထားလို့ပေပွနေတဲ့သားသားနှုတ်ခမ်းလေးကိုသုတ်ပေးလိုက်တယ်။သူခိုးလူမိသလိုအဟီးဆိုကာရယ်ပြလာသည့်ဖြူလုံးအကောင်လေးကမောင်နဲ့ချွတ်စွတ်။

"အားယွမ်...တီလေးဘာဝယ်လာလဲကြည့်ပါဦး..."

"ရေးးး...တော့ပုကီး တီလေးကောင်းချုံးတီလေးကိုချစ်ချုံး..."

ဆိုက်ခင်းအဆုံးကိုတလိမ့်လိမ့်ပြေးသွားပြီးတော့ပုကီးတွေ့တာနဲ့ယွမ်ယွမ်ကိုမျက်နှာချိုသွေးနေသည့်သားသားကမောင့်အကျင့်အတိုင်းနဲနဲလေးမှမကွဲဘူးရယ်။

"ကော...ယွမ်ယွမ် အားယွမ်လေးကိုခဏခေါ်သွားမယ်နော်..."

"အင်း ယွမ်ယွမ်...သားသားကိုအအေးစာတွေသိပ်မကျွေးမိစေနဲ့အုန်း..."

"ဟုတ်ကော..."

"ပါးပါး တာ့တာ..."

"တာ့တာဗျာ...အဟင်း..."

"ဦးကြီး ဘိုင့်ဘိုင်...သားသားတော့ပုကီးသွားစားအုန်းမယ်..."

ရိပေါ်အပြင်စိုက်ခင်းထဲကအလုပ်သမားတွေကိုပါတစ်ယောက်မကျန်လိုက်နှုတ်ဆက်နေသည့်သားသားကလူဦးလူခင်အတော်ပေါပါသည်။

"ဝမ်ငယ်..."

ရိပေါ်စတော်ဘယ်ရီခြင်းတောင်းလေးမရင်းကင်းတဲလေးစီလျှောက်သွားဖို့လုပ်တော့ဘယ်အချိန်လိုက်လာမှန်းမသိသည့်မောင်ကလက်နှစ်ဖက်ကိုနောက်ပစ်လို့အနားလျှောက်လာတယ်။မကြည်ကြည့်အကြည့်ခံနေရတာတောင်ပြုံးစိပြုံးစိလုပ်နေသည့်မောင့်ပုံစံကအမြင်ကတ်ဖို့ကောင်းလောက်အောင်ကြည့်ကောင်းတုန်း။

မောင်သာလျှင်...[Complete]Donde viven las historias. Descúbrelo ahora