Part-5

6.3K 522 10
                                    


(Unicode)

ရှောင်းကျန့်ရဲ့ဇွတ်တရွတ်နိုင်မှုကြောင့်ရလာတဲ့အကျိုးဆက်ကဝမ်ငယ်၏ရှောင်ဖယ်ခြင်းပင်။ဝမ်ငယ်ကအဲ့နေကစပြီးရှောင်းကျန့်ကိုအတွေ့မခံပဲတနည်းမဟုတ်တနည်းနဲ့ရှောင်ဖယ်နေတာကြောင့်ရှောင်းကျန့်မှာမနေနိုင်မထိုင်ဝမ်ငယ်အကွယ်ကပဲဖူးမျှော်နေရတဲ့အဖြစ်။

အရှက်အကြောက်ကြီးသူကိုချစ်မိတော့လဲဘာလုပ်လုပ်ပုန်းလျှိုးကွယ်လျှိုးလုပ်ကာမှသင့်တော့မယ်လို့ရှောင်းကျန့်တွေးလိုက်မိတယ်။အတန်းပြီးတဲ့အချိန်တွေဆိုဝမ်ချင်ကိုသွားကြိုသလိုလိုနဲ့ဝမ်ငယ့်ကိုချောင်းရတာလဲအမော။

ကျန်းချန်ဆိုတဲ့ဂေါ်မစွန်ကလည်းအလိုက်ကမ်းဆိုးမသိပါပဲဝမ်ချင်စီတနေ့တမျိုးမရိုးရအောင်လူကြုံပါးလိုက်တာများရှောင်းကျန့်မှာစာပို့သမားကြီးလုံးလုံးဖြစ်လို့။ရှောင်းကျန့်ဝမ်ငယ်မရောက်ခင်အနုပညာမေဂျာဘက်သွားကာနေ့ဓဒူဝလုပ်ဆောင်မြဲဖြစ်တဲ့ဝမ်ငယ်ကြိုက်တတ်တဲ့Americanoခွက်လေးဝမ်ငယ့်စာကြည့်စားပွဲပေါ်သွားထားလိုက်တယ်။

စားပွဲပေါ်ကဖောင်တိန်လေးယူကာကော်ဖီခွက်လေးပေါ်မှာအရုပ်လေးတွေရေးခြစ်လိုက်ပြီးစာလေးတစ်ကြောင်းကမပါမဖြစ်။အတန်းထဲမှာရှိနေကြတဲ့ကျောင်းသားတွေကတော့ရှောင်းကျန့်ထွက်သွားတဲ့အထိပြုံးစိပြုံးစိရုပ်တွေကမချိုမချဥ်။

🍀🍂🍀🍂🍀🍂🍀🍂🍀🍂🍀🍂🍀🍂

ရိပေါ်အတန်းထဲဝင်လာတော့ထုံးစံအတိုင်းကော်ဖီခွက်လေးကသူ့စားပွဲပေါ်မှာရောက်နှင့်နေပြီ။ကော်ဖီခွက်လေးကိုယူကာတငုံသောက်ကြည့်လိုက်တယ်။ပြီးတော့အခါခါဖတ်နေကျဖြစ်တဲ့ကော်ဖီခွက်လေးပေါ်ကစာလေးကိုဖတ်မိသေးတယ်။

ကော်ဖီခွက်လေးပေါ်မှာအရိုးစုခေါင်းအရုပ်လေးနှစ်ရုပ်တစ်ရုပ်မျက်နှာပေါ်မှာမှဲ့သဏ္ဍန်အစက်ကလေးနဲ့နောက်တစ်ရုပ်ကိုကျမျက်မှန်လေးတပ်ထားပေးတယ်။နောက်တော့ //ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့​ေတာ့//ဆိုတဲ့စာတန်းလေး။

ရိပေါ်စာလေးကိုဖတ်ပြီးနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။ရိပေါ်ရှောင်းကျန့်ကိုစိတ်ဆိုးနေတာမဟုတ်ပေမဲ့မျက်နှာချင်းဆိုင်တွေ့ဖို့ကမျက်နှာပူလွန်းတယ်။ဒီကောင်လေးကသူ့ကိုချစ်တယ်လို့မပြောပါပဲထိုအဓိပ္ပါယ်သက်ရောက်စေသည့်အပြုမူမျိုးတွေလုပ်နေပြန်တော့ရိပေါ်မှာရှောင်းကျန့်သူ့ကိုသဘောကျနေပါတယ်လို့လဲတထစ်ချမတွေးရဲ။

မောင်သာလျှင်...[Complete]Donde viven las historias. Descúbrelo ahora