(Unicode)
🌺မောင်သာလျှင်🌺
•••••••••••••••••••••ရှောင်းကျန့်ဝယ်လာတဲ့အချိုရည်တွေနဲ့alcoholအနည်းငယ်ကိုအချိုးအစားမျှမျှပေါင်းစပ်လိုက်တော့ယွီပင်းတို့နဲ့barမှာသောက်နေကျကော့တေးလိုမဟုတ်ပေမဲ့တော်တော်တော့အဆက်ဟပ်တည့်တာမို့အနည်းငယ်မြည်းကြည့်ရင်းခံတွင်းတွေ့နေလေရဲ့။
"အဟ...တယ်တော်တဲ့ငါပါလား...သောက်လို့ကောင်းလိုက်တာ...ဒါကငါ့အတွက်ဒါကဝမ်ငယ့်အတွက်...ဟုတ်ပြီ...readyပဲ..."
ရှောင်းကျန့်စပ်ထားတဲ့ကော့တေးကိုဖန်ခွက်နှစ်ခွက်ထဲအညီအမျှထည့်လိုက်ပြီးတကိုယ်တည်းရေရွတ်ကာသဘောတကျပြုံးလိုက်တယ်။ရှောင်းကျန့်ဖန်ခွက်လေးနှစ်ခွက်ကိုင်ကာအိမ်ရှေ့ထွက်လာတော့ဝမ်ငယ်ကluggageတလုံးနဲ့အလုပ်ရှုပ်ကောင်းတုန်း။
"ဝမ်ငယ်...ခုထိမီးပူတိုက်လို့မပြီးသေးဘူးလားဟမ်..."
"ပြီပါပြီမောင်ရဲ့...အဝတ်တွေစည်ထည့်ရုန်ပဲကျန်တော့တာ...ခနစောင့်နေဒီluggageကြီးအိပ်ခန်းထဲသွားထားလိုက်ဦးမယ်..."
"အွန်း...မြန်မြန်ပြန်ထွက်လာနော်...မောင်တို့နှစ်ယောက်ရဲ့အချိန်တွေအလဟသက်ဖြစ်ကုန်မယ်..."
ရှောင်းကျန့်အပြောကြောင့်ဝမ်ငယ်ကသူ့ကိုနှခေါင်းလေးရှုံ့ပြကာluggageကြီးဆွဲပြီးအိပ်ခန်းထဲဝင်သွားတယ်။ရှောင်းကျန့်အိမ်ရှေ့ကတခုတည်းသောsofaသေးသေးလေးမှာဝင်ထိုင်လိုက်ပြီးရှေ့ကစားပွဲလေးပေါ်ဖန်ခွက်လေးနှစ်ခွက်ကိုအကျနနေရာချလိုက်တယ်။
"ဟင်း...ဟင်း...လာပါစေဦးကျောင်းဆရာလေး...မောင့်အစွမ်းစကိုသိရစေမယ်..."
"ဘာတွေသိရမှာလဲမောင်...ပြောပါဦး..."
"အာ...ဝမ်ငယ်ပြီးပြီလား ဘာမှမဟုတ်ပါဘူးမောင်စပ်ထားတဲ့ကော့တေးကိုမြည်းကြည့်လိုက်...မောင့်အစွမ်းစမသေးဘူးဆိုတာဝမ်ငယ့်ကိုသိရစေမယ်လို့ပြောတာ...အဟင်း..."
"ဟာ...မောင့်ဘာသာသောက်ချင်သောက် ငါအဲ့လိုအရည်တွေမသောက်တတ်ဘူး..."
"ဝမ်ငယ်လာ...ဒီမှာအရင်လာထိုင်...ဟီး...ဟီး..."
ရှောင်းကျန့်အိပ်ခန်းဝမှာရပ်နေတဲ့ဝမ်ငယ့်ကိုလက်ကဆွဲကာကျဥ်းကျဥ်းကျုတ်ကျုတ်sofaလေးပေါ်မှာနှစ်ယောက်သားပူးပူးကပ်ကပ်နဲ့ထိုင်စေတော့ဝမ်ငယ်ကသဘောမကျဟန်ထဖို့လုပ်တယ်။
ŞİMDİ OKUDUĞUN
မောင်သာလျှင်...[Complete]
RomantizmZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]