Part-14

4.6K 403 14
                                    

[UNICODE]

🌺မောင်သာလျှင်🌺
••••••••••••••••••••

ရှောင်းကျန့် ရှေ့ကဆူပုတ်ကာဟင်းရွက်တွေကိုစတီးဓားနဲ့အားပါပါခုတ်ထစ်နေသည့်ဝမ်ငယ်ကြောင့်တော်တော်ခေါင်းကြပ်နေလေပြီ။သူလည်းဝမ်ငယ်နဲ့ထိတွေ့မိတာနဲ့မထိန်းနိုင်မသိမ်းနိုင်ဖြစ်တတ်တဲ့ကိုယ့်စိတ်ကိုယ်ပဲအပြစ်တင်ရမလို၊သူ့ကိုဆွဲဆောင်လွန်းတဲ့ဝမ်ငယ့်နှုတ်ခမ်းကိုပဲအပြစ်ပုံချရမလိုသောက်ရမ်းလမ်းပျောက်နေရတယ်။ဝမ်ငယ်စိတ်ကောက်သွားသည့်အကြောင်းရင်းကရှောင်းကျန့်ရဲ့အလွန်အကျွံနမ်းရှိုက်မှုကြောင့်ဖူးယောင်ကာပေါက်ပြဲသွားသည်အထိအခြေနေဆိုးသွားသောဝမ်ငယ့်နှုတ်ခမ်းကြောင့်ပင်။ရှောင်းကျန့်ထမင်းစားပွဲမှာထိုင်နေရင်းယောင်လည်လည်နဲ့ဒယ်အိုးတွေယောင်းမတွေနဲ့အလုပ်ရှုပ်နေသည့်ဝမ်ငယ့်နားကိုလျှောက်သွားလိုက်တယ်။

"ဝမ်ငယ်...မောင်ကလေ..."

ဒုန်း! ဒုန်း! ဒုန်း!

"အင်...မှတ်ပြီလားအဲ့မှာ..."

ရှောင်းကျန့်ဝမ်ငယ့်ပုံစံကိုကြည့်ကာစကားပင်ဆက်မပြောရဲပဲတံတွေးမြိုချလိုက်မိတယ်။ဝမ်ငယ့်လက်ချက်နဲ့အသားခုတ်တုံးပေါ်မှာအသီးအရွက်တွေကအပိုင်းပိုင်းပြတ်ကာဒယ်အိုးထဲခုန်ဆင်းသွားကြရရှာလေပြီ။ရှောင်းကျန့်ဂုတ်ကိုပွတ်သပ်လိုက်ရင်းလူဖြူစိတ်တိုလေးဆရာဝမ့်ကိုချော့ဖို့ထပ်ကြိုးစားကြည့်တယ်။

"ဝမ်ငယ်မောင့်ကိုစိတ်မဆိုးပါနဲ့နော်...နောက်တခါနမ်းရင်နှုတ်ခမ်းပေါက်အောင်မနမ်းတော့ဘူးလို့မောင်ကတိပေးတယ်နော်ဝမ်ငယ်...မောင့်ကိုစကားမပြောပဲနဲ့တော့မနေပါနဲ့နော်...မောင်ကဒီမှာဧည့်သည်လေတစ်ယောက်တည်းအားငယ်တာပေါ့လို့..."

ရှောင်းကျန့်ရဲ့တောင်းပန်တိုးလျှိုးသံကြောင့်ဝမ်ငယ်ကဒယ်အိုးထဲကအရွက်တွေကြော်လှော်နေရာကနေမျက်ထောင့်နီကြီးနဲ့လှည့်ကြည့်တော့ရှောင်းကျန့်မျက်နှာကိုငယ်နိုင်သလောက်ငယ်ပြီးစပ်ဖြီးဖြီးလုပ်ပြလိုက်တယ်။

" ငါစိတ်ကောက်နေတာမဟုတ်ဘူးစိတ်တိုနေတာ..."

"အာ...အာ...မောင်တောင်းပန်နေတယ်လေကွာ စိတ်လျော့လိုက်တော့နော် ဝမ်ငယ်ကပြုံးနေရင်းအရမ်းချစ်ဖို့ကောင်းတာသိလား..."

မောင်သာလျှင်...[Complete]Where stories live. Discover now