Part-9

5.6K 477 14
                                    

(Unicode)

"ဝမ်ငယ်...မောနေပြီလား..."

"ဆရာကရပါတယ်...ဘာမှသယ်ထားရတာမှမဟုတ်တာ...ဒါနဲ့ရှောင်းကျန့်အထုတ်တွေများကြီးပဲဆရာဝိုင်းသယ်ပေးမယ်လေ..."

"ကျွန်တော်အဆင်ပြေပါတယ်...အဟင်း...စိတ်ချလက်ချသွားနော် ဒါတွေအကုန်ကျွန်တော်ပဲသယ်လာလိုက်မယ်..."

ဟုတ်တော့လည်းဟုတ်သည်။ရှောင်းကျန့်ရိပေါ်ကိုသာမောပြီလားမေးတာရှိသမျှအထုတ်ပေါင်းသောင်းခြောက်ထောင်ကသူ့လက်ထဲမှာချည်း။

မမောဘူးလို့ပြောရင်လည်းလိမ်ညာရာကျဦးမည်။ဘယ်အရာမဆိုလိုတရသည့်ရှောင်းကျန့်လိုသူဌေးသားလေးအဖို့ဤမျှထိများပြားသည့်အထုတ်တွေသယ်ထားရတာတကယ့်ကိုခြေကုန်လက်ပမ်းကျနေလေပြီ။

ဒါမဲ့ချစ်ရတဲ့မှန်ကြောင်ဆရာလေးပင်ပမ်းမှာမလိုလားတဲ့အတွက်ရှောင်းကျန့်တစ်ယောက်ရှေ့ကစာအုပ်လေးတစ်အုပ်ကိုင်ပြီးလုံးလုံး လုံးလုံးနဲ့လျှောက်သွားတဲ့ဆရာလေးနောက်ကိုတရွေ့ရွေ့လိုက်သွားလိုက်တယ်။

အချိန်ကလည်းအတော်နှောင်းနေပြီမို့ရှောင်းကျန့်နဲ့ရိပေါ်ရွာဘက်ကနေစခန်းကိုသာခပ်သွပ်သွပ်ပြန်လာလိုက်ကြတယ်။နှစ်ယောက်သားစခန်းပြန်ရောက်တော့မီးဖိုတဲ့သူကဖို အသားကင်တဲ့သူကကင်နဲ့အလုပ်ရှုပ်နေကြတဲ့ကျောင်းသားတွေစီလျှောက်သွားလိုက်တယ်။

" ဟာ...ရှောင်းကျန့် နဲ့ဆရာဝမ်ပြန်လာကြပြီ ဟေ့ရောင်ရှောင်းကျန့် မင်းကမင်းဝမ်ငယ်နဲ့နှစ်ယောက်တည်းရှိနေတော့ ငါတို့သူငယ်ချင်းတွေကိုတောင်မေ့နေတယ်ပေါ့လေ..."

ရှောင်းကျန့် တို့ကိုလှမ်းတွေ့လိုက်တာနဲ့ကျန်းချန်ကယွီပင်းနဲ့မီးဖိုဖိုနေရာကနေလှမ်းပြောတော့ဝမ်ငယ်ကရှက်သွားပုံပဲဂုတ်လေးပွတ်သပ်ကာထွက်သွားတော့တယ်။

" ကျန်းချန်... မင်းဟာလေ အရိပ်အချည်ကိုမကြည့်တတ်ဘူး ဟိုမှာဆရာဝမ်ရှက်သွားပြီ..."

"ငါက...ဒီတိုင်းရှောင်းကျန့်ကိုစချင်လို့ပြောလိုက်တာပါကွာ...ငါတို့ဆရာဝမ်ကအရှက်ကြောက်ကြီးနဲ့ရှောင်းကျန့်ဒီကောင်တဇွတ်ထိုးနဲ့တော့..."

မောင်သာလျှင်...[Complete]Where stories live. Discover now