Part-36

4.4K 370 54
                                    

UNICODE💫

🌺မောင်သာလျှင်🌺Part-36
••••••••••••••••••••

"ဒယ်ဒယ်...ခုနကပါးပါးနဲ့ကစားနေတာလားဟင်..."

"အာ...ဟုတ် ဟုတ်တာပေါ့ ဒယ်ဒယ်နဲ့ပါးပါးလင်မယားတိုင်းကစားနေတာသားသားရဲ့...အဟင်း...အား...ကျွစ်!...ကျွစ်!..."

ရှောင်းကျန့်မှာကုတင်ပေါ်ကကန်ချခံလိုက်ရတာကြောင့်ခါးကိုဖိနှပ်ရင်းသားသားအမေးကိုလည်းဖြေရသေးတယ်။သားသားဘေးထိုင်ရင်းbreakfastစားနေသည့်ဝမ်ငယ်ကမျက်စောင်းဗုံးကျဲလာသည်မို့ရှောင်းကျန့်မျက်နှာကရှုံ့တွနေရာမှမဲ့ခနဲ။

"မောင့်...သားသားရှေ့မှာပေါက်တက်ကရတွေပြောပြန်ပြီ...စားမှဖြင့်စား အလုပ်သွားရမှာမလား..."

"အင်းပါဝမ်ငယ်ကလည်း...ကျွန်တော်သိပါတယ် ဝမ်ငယ်ကန်ချလို့ကျွန်တော့်ခါးမျက်သွားတာလားမသိဘူး...ဝမ်ငယ်ကအရမ်းရက်စက်တာပဲ ကျွန်တော်စတောင်မစရသေးတဲ့ဟာကို..."

"မောင့်!!!..."

"ဗျာ..."

ပါးနဲ့မားကိုရှေ့ထားကာကုတင်ပေါ်ကအကြောင်းတွေအစပြန်ဖော်နေသည့်မောင့်ကြောင့်ရိပေါ်မှာမျက်နှာဘယ်ထားရမှန်းမသိ။သတိပေးသလိုအံကြိတ်ကာခေါ်မိတော့ဘာမှမသိနားမလည်တဲ့ကလေးလေးလိုလုပ်ပြနေသည့်မောင့်ကိုရိပေါ်အမှုန့်သာကြိတ်လိုက်ချင်တော့တယ်။

"တော်ပြီ...သားသားလာ ပါးပါးစာပြပေးမယ်နော်..."

"အယ်...ဝမ်ငယ် ကျွန်တော်တအောင့်နေအလုပ်သွားရတော့မှာလေ..."

"အလုပ်သွားမှာမင်းသွားမှာလေ ငါသွားမှာမှမဟုတ်တာ..."

"ဒါပေမဲ့....ဟာ ဝမ်ငယ်!...ဝမ်ငယ့်!!!...အဟက် ရှက်သွားပြီ..."

သားသားကိုချီပြီးအပေါ်ထပ်ကိုရှက်ရမ်းရမ်းကာပြေးတက်သွားသည့်ဝမ်ငယ့်ကိုကြည့်ရင်းရှောင်းကျန့်ဟက်ခနဲရယ်လိုက်မိတယ်။ကော်ဖီခွက်ကိုငုပ်ကြည့်ရင်းပြုံးဖြီးနေသည့်ရှောင်းကျန့်ကြောင့်ရှောင်းပါးနဲ့ရှောင်းမားမှာသူ့တို့သားကိုစူးစမ်းသလိုကြည့်နေမိကြတယ်။

"အဟမ်း...သားရှောင်းကျန့် သားရိပေါ်လေးကိုပြန်မှတ်မိနေပြီမလား မဟုတ်ရင်ဒီလိုတွေစနောက်နေဖို့အဝေးကြီး..."

မောင်သာလျှင်...[Complete]Donde viven las historias. Descúbrelo ahora