Part-8

5.8K 495 8
                                    

(Unicode)

ရှောင်းကျန့်လည်းယွီပင်းနဲ့ကျန်းချန်ပြန်သွားတာသေချာမှရွက်ဖျင်တဲထဲလိုက်ဝင်လာလိုက်တယ်။ရွက်ဖျင်တဲထဲမှာမီးအိမ်သေးသေးလေးထွန်းထားပြီးလူနှစ်ယောက်အိပ်ဖို့အတွက်တော့လုံလောက်တဲ့အကျယ်အဝန်းရှိတယ်။

ရှောင်းကျန့်တဲလေးထဲဝင်လိုက်ပြီးတာနဲ့ကမ်းခြေဘက်ကညလေအေးတိုက်နေတာကြောင့်အထဲကနေအဖွင့်အပိတ်ဇစ်ကိုလုံအောင်ပိတ်လိုက်တယ်။အကုန်ပြီးမှရှောင်းကျန့်နောက်ကိုလှည့်ကြည့်လိုက်မိတော့ဝမ်ငယ်ကသူ့ကိုကျောပေးပြီးစာအုပ်လေးတွေခေါင်းအောက်ခုကာကွေးကွေးလေးအိပ်ချင်ယောင်ဆောင်နေလေရဲ့။

အဟွန်း ရှောင်းကျန့်ကအချဥ်မှမဟုတ်တာဒီလောက်ကတော့သနားတယ်ဝမ်ငယ်။ရှောင်းကျန့်သူနဲ့ဝမ်ငယ့်အလည်မှာချထားတဲ့ကျောပိုးအိပ်​ကြီးကိုအသာဖယ်ထုတ်လိုက်ပြီးဝမ်ငယ့်နောက်ကျောနားမှာအသံလုံလုံနဲ့ဝင်လှဲလိုက်တယ်။အဲ့ဒါလည်းဝမ်ငယ်ကတုတ်တုတ်မျှမလှုပ်သေး။

"ဝမ်ငယ်..."

ရှောင်းကျန့်ခေါ်သံကြောင့်အိပ်ချင်ယောင်ဆောင်နေတဲ့ဝမ်ငယ့်ကိုယ်လေးကတုန်တက်သွားတယ်။ရှောင်းကျန့်မအူမလည်ကျောင်းဆရာလေးကြောင့်ကြိတ်ရယ်လိုက်မိပြီးထပ်ခေါ်ကြည့်တယ်။

"ဝမ်ငယ်...အိပ်နေပြီလား...ဝမ်ငယ်...ဝမ်ငယ်လို့..."

"ရေှာင်းကျန့်...ဘယ်လိုဖြစ်နေတာလဲ ဆရာအိပ်ပျော်နေပြီလေ..."

"အမ်...အိပ်ပျော်နေတဲ့လူ စကားထပြောတယ်ပေါ့..."

"ဟာ...အဲ့ အဲ့ဒါက...ဆရာကအိပ်ရေးဆက်လို့မင်းကခဏခဏခေါ်နေတာကိုး..."

ဝမ်ငယ်ကရှောင်းကျန့်ကိုကျောပေးထားရက်ပဲမလုံမလဲနဲ့စကား​ေတွတောင်ထစ်လို့။

"အော်...အဲ့လိုလား ထားပါခုနိုးပြီဆိုတော့ကျွန်တော်နဲ့စကားပြောရအောင်လေ..."

"ဟအင်း...ဆရာခရီးပမ်းနေလို့ အိပ်ချင်ပြီ..."

"အင်းပါ...ဒါဆိုလည်းအိပ်တော့...အာ...ခန..."

ရှောင်းကျန့်ပြောပြီးကျောပိုးအိပ်ထဲကအိပ်ဆောင်ခေါင်းအုံးသေးသေးလေးထုတ်ပြီးဝမ်ငယ့်ခေါင်းအောက်ခုပေးလိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now