Part-4

6.6K 541 5
                                    


(Unicode)

"ဝမ်ငယ်...စားလေ ဘာလဲဒီဟာမကြိုက်တာလား...ဘာစားချင်လို့လဲ...ကျွန်တော်ဘာသွားဝယ်ပေးရမလဲ..."

ရှောင်းကျန့် ထမင်းဗူးလေးဖွင့်ပေးပြီးတော်တော်ကြာတဲ့အထိဝမ်ငယ်ကဘာမှမပြောဘဲငြိမ်ငြိမ်လေးဆက်ထိုင်နေသေးတာကြောင့်ရှောင်းကျန့်မေးလိုက်ခြင်း။

"ဟိုလေ...ရှောင်းကျန့် ထမင်းဗူးကတစ်ယောက်စာတည်းလေဆရာစားလိုက်ရင်ရှောင်းကျန့်ကဘာသွားစားမှာလဲ...ရှောင်းကျန့်ထမင်းဗူးဆိုတော့ရှောင်းကျန့်ပဲစားလိုက်နော်...ဆရာကရပါတယ်..."

"မရပါဘူး...ပြောတော့ကျွန်တော့်ကိုကျေးဇူးတင်တယ်ဆို ကျွန်တော်ဒါလေးတောင်းဆိုတာကိုဝမ်ငယ်ကလိုက်လျောမပေးဘူးပေါ့..."

"အဲ့လိုမဟုတ်ဘူးလေ...ရှောင်းကျန့်ကဆရာ့အပေါ်ကျေးဇူးရှိတာဆိုတော့ ဆရာကကျွေးရမှာမဟုတ်ဘူးလား ခုဟာက..."

"အဟွန်း...ဝမ်ငယ်ကကျွန်တော့်ကိုကျွေးချင်တာလား ဒါဆိုလည်းစားရတာပေါ့..."

"ဟင်...ဘာကို...."

ရှောင်းကျန့် ရဲ့အနှောက်အသွားမလွတ်တဲ့စကားကြောင့်ကျောင်းဆရာလေးကကြောင်နနဖြစ်သွားရတယ်။

" နေ့လည်စာလေ ကျွန်တော်ကဘာစားရမှာလဲ...ဝမ်ငယ်ကဘယ်လိုထင်နေလို့လဲ..."

"မ...မထင်ပါဘူး ဟိုလေ... ရှောင်းကျန့်ဆရာ့ကိုဝမ်ငယ်လို့မခေါ်ပါနဲ့လား...တခြားသူတွေတမျိုးထင်..."

"ဟမ်...ဘယ်လိုထင်တာလဲ ကျွန်တော်မသိလို့ဝမ်ငယ်ပြောပြပါလား..."

ရှောင်းကျန့် ရဲ့အမေးစကားကြောင့်ဝမ်ငယ်ကခေါင်းလေးငုပ်ကျသွားကာပါးမို့မို့လေးနှစ်ဖက်ကချက်ချင်းရဲတက်လာတယ်။ပြီးတော့ဒူးပေါ်တင်ထားတဲ့လက်ကလေးနှစ်ဖက်ကိုအချင်းချင်းပွတ်သပ်ရင်းတိုးတိုးလေးပြောတယ်။

"အဲ့အခေါ်ဝေါ်က...ဆရာ့ကိုရှောင်းကျန့်ရဲ့ချစ်သူလို့ ထင်မြင်စေတယ်လေ..."

"ဒါဆို...ဝမ်ငယ်ကိုကျွန်တော့်ကောင်လေးလို့သူတို့ကထင်တယ်ပေါ့အဲ့လိုလား..."

ရှောင်းကျန့် အရှက်သည်းနေတဲ့မှန်​ကြောင်ဆရာလေးကိုစချင်လာတာနဲ့ဝမ်ငယ်နဲ့အကြည့်ချင်းဆုံအောင်လိုက်ကြည့်ရင်းထပ်မေးလိုက်တယ်။

မောင်သာလျှင်...[Complete]Where stories live. Discover now